<div style='background-color: none transparent;'></div>

Friday, May 31, 2013

ပေါင်ကြီးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး


ပေါင်တံ သွယ်သွယ်လေးနဲ့ စူပါ မော်ဒယ်လ် ခန္ဓာ ကိုယ် လေးတွေဟာ ဘာဝတ်ဝတ် လှပပြီး စတိုင်လ်ကျနေ တာမို့ အားကျ ချင်စရာပါ။ ဒီနေရာမှာ ပေါင်တံကြီးတဲ့ သူတွေ အတွက် စိတ် အားမငယ်မယ့် သတင်း ကောင်းတစ်ခု ရှိပါတယ်။ သင့်ရဲ့ပေါင်တံ ကြီးတွေက သင့်ကျန်းမာရေးကို ကာ ကွယ်မှု ပေးနိုင် ပါတယ်။ ဒိန်းမတ် သုတေ သီများရဲ့ လေ့ လာချက် တစ်ခုအရ ပေါင်တံသေးသွယ် သူများဟာ နှလုံး ရော ဂါခံစား နိုင်ရခြေနှင့် အရွယ်မတိုင် မီ သေဆုံးမီ သေ ဆုံးနိုင်ခြေ မြင့်မား နေကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ဩ စတြေးလျလူမျိုး သုတေသီများက ထပ်မံတွေ့ရှိ ထားတာ ကတော့ ပေါင်တံကြီး ခြင်းဟာ ဇီဝရုပ် ဖြစ်ပျက် မှု ပိုမိုကောင်း မွန်ခြင်းဟု ဆိုလိုပြီး ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ နည်း ပါးကြတယ်လို့ သိရှိရပါတယ်။ ဒီ လောက်ဆိုရင်တော့ ကြီးမား တဲ့ ပေါင်တံတွေကို ကျေးဇူး တင်သွားပြီ လား။

by ဇင်မာမြင့် (HealthDigest News)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...