တင်ပါးနှင့် ပေါင်များမှာ အကြော ပြတ်ခြင်း ဖြစ်ပေါ်တဲ့အခါ စကတ် တိုတိုဝတ်ဆင်ချင်တဲ့ အမျိုးသမီးများ အခက်တွေ့ရပါတယ်။ တင်ပါးကို လွှမ်းခြုံထားသော အရေပြားနှင့် ပေါင်တွင်းကြွက်သားများ တင်းရင်းမှု လျော့နည်းလာတဲ့အခါ အတွင်းဘက် မှာရှိနေသော အဆီများ မျက်နှာပြင်သို့ တက်လာပြီး အရစ်ရစ်တွေ ပေါ်လာ တာကို အကြောပြတ်ခြင်းလို့ လူအများ သိထားပါတယ်။ အကြောပြတ်ခြင်းကို ပျောက်ကင်းအောင် ပြုလုပ်ဖို့ အစွမ်းထက်တဲ့ ဆေးဝါးတွေ မရှိသေး ပါဘူး။ ထိုနေရာ ကြွက်သားများကို အလုပ်ပေးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရင် တော့ သက်သာသွားစေနိုင်ပါတယ်။ အရေပြား တင်းရင်းတဲ့ ခရင်မ်နဲ့ လိမ်းဆေးများက သွေးလှည့်ပတ် မှုကောင်း စေပြီး အကြောပြတ်ခြင်းကို ခဏတာ သက်သာစေနိုင်ပါတယ်။ လုံးဝပျောက် ကင်းစေဖို့ ဆန္ဒပြင်းပြပြီး ငွေကြေး အကုန်အကျ ခံနိုင်ပါက အရေပြား အထူးကုများ ပြုလုပ်ပေးသော လေဆာကုထုံး သို့မဟုတ် ခွဲစိတ်ပြုပြင် ခြင်းကို ခံယူနိုင်ပါတယ်။By Health Digest











Nice Post thanks for the information, good information & very helpful
ReplyDeletemobile repairing tools
mobile repairing tools
mobile ic price
mi mobile Ic price
samsung mobile IC price