ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ တုံးတော
ကျေးရွာတွင် မေလ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အမျိုးသားတစ်ဦးကိုအခြား
အမျိုးသားသုံးဦးက ရန်စရာမှ ပဋိပက္ခ ဖြစ်ပွားပြီး ဗလီတစ်လုံးနှင့်
အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့ က The Voice သို့
ပြောကြားသည်။
တုံတောကျေးရွာမှ
ဦးလွင်ကို ဘာသာခြားသုံးဦးက ရန်စထိုးကြိတ်ရာမှ မုန်းဒေသ တိုက်နယ်ဆေးရုံကို
ပို့ဆောင်ခဲ့ရသဖြင့် အဆိုပါဖြစ်စဉ်ကို မကျေနပ်၍ သံဃာတော်နှင့် ဒေသခံများ
အပါအဝင် လူ ၅၀၀ ခန့်က တုံးတောကျေးရွာရှိ ဗလီကို မီးရှို့ခဲ့ပြီး
နေအိမ်နှစ်လုံး၊ ဆိုင်ခန်းနှစ်ခန်း တို့ကိုပါ မီးရှို့ခဲ့ကြောင်း
မုန်းဒေသကြီး ရပ်ကွက်(၂)တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်သူဟုယူဆ ရသူသုံးဦးကို မုန်းဒေသရဲစခန်းက
ဖမ်းဆီးထားပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက
အချိန်မီဖြေရှင်းနိုင် ခဲ့သောကြောင့် ည ၈ နာရီခန့်တွင်
ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
by the voice weekly
Thursday, May 30, 2013
ကျောက်ကြီးမြို့နယ် မုန်းဒေသတွင် ပဋိပက္ခဖြစ်ပွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...