<div style='background-color: none transparent;'></div>

Friday, May 31, 2013

ရေကူး၍ မိုးပေါ်ပျံမည့် Flyboard

Flyingရေလည်း ကူးလို့ရမယ်၊ မိုးပေါ်လည်း ပြန်လို့ရမယ့် စက်ဖြစ် ပါတယ်။ ပြင်သစ်နိုင်ငံသား ရေကူးချန်ပီယံ Franky Zapata မှ ယခုလို လက်တွေ့ စမ်းသပ် ပြသထားပါတယ်။
တစ်ခုတည်း သီးသန့်တော့ သုံးလို့ မရပါဘူး။ သူ့မှာ ဟိုက်ဒရိုပါဝါပိုက်နဲ့ ဆက်ထားရပါတယ်။ ယင်းပိုက်ကို မောင်းဖို့အတွက် မော်တော်ဘုတ် မှာ မြင်းကောင်ရေ ၁၀၀ အားရှိတဲ့ အင်ဂျင်နဲ့ ဆက်သွယ်ထား ရပါသေး တယ်။ ပြင်းထန်တဲ့ လေအရှိန် နဲ့ ရေအရှိန်ကြောင့် ရေထဲကိုလည်း ထိုးဆင်းနိုင်ပြီး ရေပေါ်ကိုလည်း ပေါ ၃၀ အမြင့်အထိ ခုန်တက်နိုင်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ပြီဆိုရင် လေပေါ်မှာတောင် အကြာကြီး နေနိုင် ပါသေးတယ်။
Lev R200 jet pack ထက်အများကြီး သာတက် ဂျက်အင်ဂျင်သုံး Flyboard ဖြစ်ပါတယ်။ Flyboard တစ်ခုဟာ ကာလတန်ဖိုးအားဖြင့် ယူရိုငွေ ၅ ထောင်မှ ၈ ထောင်ကြား တန်ဖိုးရှိနိုင်ကြောင်း သိရပါတယ်။

by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...