
မြန်မာ Mobile Application Store (Myanmar Mobile Users Group) ရဲ့ member
တစ်ဦးဖြစ်တဲ့ kamikaze ရဲ့ iOS 5.1 မှ 5.0.1 သို့ SHSH Backup မရှိဘဲ
downgrade ဆင်းနည်း ကို မြန်မာ Mobile Application မှ Member
များလေ့လာလုပ်ဆောင်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
Credit to kamikaze (Myanamr Mobile Users Group => http://www.facebook.com/groups/mmua.mobile)
ပန်းသီးတစ်လုံးကိုပိုင်ဆိုင်ထားပြီး Version 5.1 ကနေ အကြောင်းအမျိုးမျိုးကြောင့် နဂို Version 5.0.1 ကို ပြန်ဆင်းနေချင်သူများ
အတွက် SHSH Backup မရှီပဲ အလွယ်ကူဆုံး ပြန်ဆင်းလို့ ရမယ့်နည်းလေး ပြောပြချင်ပါတယ်
http://ifile.it/ycsa26q
အရင်ဒေါင်းလိုက်ပါ ပြီးရင် ရင် Extract နဲ့ Rarဖိုင်ကို ဖြေလိုက်ပါ
(သက်ဆိုင်ရာ 4G /3GS 5.0.1 IPSW ကိုတော သင့်တော်မယ့်နေရာကနေ
ရှာဒေါင်းလိုက်ပါ )
စပြီးသစ္စာဖောက်ကြည့်ကြမယ်
1. snOwbreeze 2.8b11 ကို Run as administrator နဲ့ Run လိုက်ပါ
2. next နဲ့သွားပါမယ်
3. Browse ကိုနှိပ်ပြီး download လုပ်ထားခဲ့သော iOS 5.0.1_9A405_Restore ကို ရွေးပေးပြီး next နဲ့ဆက်သွားပါမယ်
4. 3GS ဆိုရင်တော့ Old bootrom / New bootrom ကိုရွေးပေးရလိမ့်မယ် ကိုယ့်ဖုန်းရဲ့ အမျိုးအစားလိုက် ရွေးပေးလိုက်ပါ
တကယ်လို့ မသိဘူးဆိုရင်တော့ Detect it for me. ကိုကလစ်ပြီးDFU mode နဲ့လူပ်ရှားပါ
သိသွားရင်တော့ Old bootrom နဲ့ New bootromတစ်ခုခု ကိုကလစ်ပြီး next နဲ့ ဆက်သွားပါ
5. Expert Mode ကိုရွေးမယ် ပြီးရင်တော့ Next နဲ့ဆက်သွားမယ်
6. General ကလစ်ပေးပြီး Next နဲ့ဆက်သွားမယ်
7. Activate The iPhone [Hacktivate] တစ်ခုထဲကို အမှန်ခြစ်ပေးပါ (ကျန်တဲ့နေရာတွေမှာလုံးဝမပေးမိခဲ့ပါစေနဲ့ ) Next နဲ့ဆက်သွားမယ်
8. ဒီအဆင့်ရောက်ရင် တစ်ခုတိထားရမှာက 3GS သမားတွေ Unlock လုပ်မယ့်သူတွေက baseband ချိန်းပေးရပါ့မယ် သာမန် JB ပဲလုပ်မယ်
ဆိုရင်တော့ ကျော်သွားပါ (4G/ 4S မှာတော့ လုံးဝချိန်းခွင့်မပေးပါဘူး)
ကျွန်တော်ကတော့ unlock ဖြုတ်ချင်တာဖြစ်တဲ့အတွက် Install iPad baseband ဆိုတဲ့နေရာလေးမှာ ကလစ်ပေးပါတယ်
Install iPad baseband ချိန်းတဲ့အတွက်( ပန်းသီးကိုသစ္စာဖောက်လို့ )ပေးထားတဲ့ အာမခံတွေပျက်စီးမယ် လို့ဘောက်လေးတတ်လာလိမ့်မယ်
မျက်စိမှီတ်ပြီးသာ အိုကေ ကိုကလစ်ပြီး ဆက်သွားပါ ( Unlock ဖြေပြီဆိုကတည်းက အာမခံဆုံးရူံးနေတာ သိနေသားပဲ
9. Boot logo နဲ့ Recobery Logo မှာ Boot logo ကို အမှန်ခြစ်ပေးပြီးဆက်သွားမယ်
10.(အခုနက အမှတ်စဉ် (6) ကစာမျက်နှာပြန်ရောက်ပါ့မယ် မျက်စိမလည်ဖို့ပါ )Build IPSW ကိုရွေးပါ ပြီးရင်Next နဲ့ဆက်သွားမယ်
(snOwbreeze က Custom IPSW ဆောက်နေပါပြီ)
11.snOwbreeze_iPhone **-5.0.1.ipsw သင့် Desktop တွင် ရလာပါလိမ့်မည်
ပြီးရင် snOwbreeze က မိတ်ဆွေရဲ့ iPhone ကို DFU mode ဝင်ဖို့ပြောပါ့မယ့်
ဖုန်းကို ပါဝါပိတ်လိုက်ပါ DFU mode အတိုင်းလူပ်ရှားပါ
12. ပြီးသွားရင် Itunes ကိုဖွင့်ပြီး (Shift + Restore) နဲ့ လူပ်ရှားဖို့ဘောက်တစ်ခုပေါ်လိမ့်မယ်
ဒီအတိုင်းထားလည်းရတယ် ပိတ်လည်းရတယ် itunes ကိုဖွင့်ပြီး (Shift +
Restore) ကိုနှိမ့်ပြီး အခုနက ရထားတဲ့ Desktop ပေါ်က snOwbreeze_iPhone
**-5.0.1.ipsw
ကိုလမ်းကြောင်းပေးပြီး လူပ်ရှားပါ
13. လမ်းတစ်ဝက်မှာ iTunes error 3194 နဲ့ iTunes error 11 တတ်ပါလိမ့်မယ်
စိတ်ပမူပါနဲ့ အခုနက ဒေါင်းထားတဲ့ ထဲက tinyumbrella-5.10.10 ကို Run ပါ
Advance” Tab ကိုသွားပြီး Set Hosts to Cydia on exit ဆိုတဲ့Box
လေးမှာ အမှန်ခြစ်ဖြုတ်ပေးပါ ပြီးရင်တော့ Apply Changes ကိုကလစ်ပြီး
tinyumbrella
ကိုပိတ်ပစ်လိုက်
14. နောက်တစ်ကြိမ် သင့် Device ကို “Restore” ပြန်လုပ်ပေးလိုက်ပါ
ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ ဖုန်းက အဆင်ပြေစွာနဲ့ SHSH back မရှီပဲ
5.0.1 ကိုဆင်းပြီး အော်တို JB ဖြစ်နေတာတွေ့ရပါလိမ့်မယ် Unolck
လုပ်ချင်တဲ့သူတွေကတော့ Cydia > Manage >Sources >Edit >Add ကနေ
repo666.ultrasn0w.com ကို Add ပြီး အဲ့ထဲက နေ ultrasn0w
ကိုအင်စတောလုပ်ပေးလိုက်ရင်ရပါပြီ (ကျွန်တော်ကိုယ်တိုင် 3GS မှာ
စမ်းသက်အောင်မြင်ပြီးတဲ့အတွက်စိတ်ချလက်ချ လုပ်ကြည့်လို့ ရပါတယ် )
ကျွန်တော်ရေးပေးထားတဲ့ နည်းနဲ့ အခုပဲ ipad 2 ကိုစမ်းကြည့်ပါတယ် အဆင်မပြေပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အခုကျွန်တော်ပေးထားတဲ့
JB tools က ipad 2 ကို support မလုပ်ပါဘူး ipad 2 ကို support မလုပ်မှ
တော့ iphone 4S ကိုလည်း support လုပ်မှာမဟုတ်ပါဘူး
ကျွန်တော်တစ်ခြားနည်းလမ်းတစ်ခုစဉ်းစားမိလို့ ကြိုးစားကြည့်သေးတယ်
အောင်မြင်မူ့မရခဲ့ပါဘူး
ဒါကြောင့် ကျွန်တော်ပေးထားတဲ့ နည်းလေးက တော့ iphone 3GS / 4 ,iPad
်အတွက်ပဲ အဆင်ပြေမှာပါ။ iPhone 4S နဲ့ iPad 2 မှာတော့အဆင်မပြေပါဘူး။
တကယ်လို့ ကျွန်တော် နောက်ထပ်နည်းလမ်းရှာတွေ့ ရင်ထပ်တင်ပေးပါ့မယ်
by myanmarmobileapp
Thursday, May 30, 2013
ပန်းသီးကို သစ္စာဖောက်ကြည့်မယ် (iOS 5.1 မှ 5.0.1 သို့ SHSH Backup မရှိဘဲ downgrade ဆင်းနည်း)
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...