<div style='background-color: none transparent;'></div>

Monday, June 10, 2013

အင်တာနက်ပေါ် စကားပြောရင်း webcam ရှေ့ သတ်သေပြတဲ့အမျိုးသမီး

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် အသက်(၂၆)နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ ည(၈)နာရီခန့်က သူမ၏အဖော် အမျိုးသားနှင့် အင်တာနက်ပေါ် စကားပြောနေရင်း နှစ်ယောက်အပြင်းအထန် စကားများရာမှ webcam ရှေ့တွင် သူမကိုယ်သူမ ကြိုးဆွဲချသေပြခဲ့ကြောင်း သိရသည်။
သူမက မျက်နှာကြက်ပေါ်မှ ပန်ကာတွင် သူမ၏ ခေါင်းခြုံပလွှာဖြင့် ကြိုးဆွဲချ သတ်သေပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သူမဟာ အိမ်မှာ တစ်ယောက်တည်း ရှိနေချိန်မို့ အင်တာနက်ပေါ်မှ သူမ၏အဖော်က သူမ၏ညီမကို ဖုန်းဖြင့်ဆက်သွယ်၍ အိမ်ကို မြန်မြန်သွားဖို့ အသိပေးပြီး ဆိုခဲ့ပေမယ့် လာချိန်ဟာ နောက်ကျခဲ့ကြောင်း ၊ ကြိုးဆွဲချခဲ့တဲ့ မိန်းကလေးဟာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရသည်။
ညီမဖြစ်သူ၏ အပြောအရ သူမ၏အစ်မက ထိုအမျိုးသားအား ၎င်းအိမ်သို့ လာရောက်ရန် အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် ထိုသူဟာ ရောက်ရှိလာခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
သူတို့နှစ်ဦးဟာ တရားရုံးတွင် တိတ်တဆိတ် လက်ထပ်ထားကြသူတွေဖြစ်ပြီး ယောက်ျားလေးမိဘများက ရူပီး သိန်းနှစ်ဆယ် တင်တောင်းဖို့ ဖိအားပေးတဲ့အတွက် ခွဲနေကြသူတွေ ဖြစ်ကြောင်းလည်း သိရသည်။
ခင်ပွန်းဖြစ်သူမိဘများက သူမဟာ သူတို့တောင်းတဲ့ငွေကို မပေးနိုင်တဲ့အတွက် သူမအား ချွေးမအဖြစ် လက်မခံဘဲ သူမအိမ် ပြန်ပို့ခဲ့တာဖြစ်ကြောင်း သိရသည်။
သူမ၏ ယခုလို ကြိုးဆွဲချ သေဆုံးမှုဟာ ထိုတင်တောင်းခိုင်းသည့် ငွေများနှင့် ပတ်သက်နေသည်ဟု ရဲများက သံသယရှိကာ သူမ၏ လက်ကိုင်ကွန်ပျူတာ နှင့် webcam ကို သိမ်းဆည်းခဲ့ပြီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။
Source : Gulf News
by burmesehearts

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...