၁၈.၃.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊
ခရေ(၃)လမ်း၊ တိုက်အမှတ်-- နေ မ----- သည် ၎င်း၏မိဘများ နေထိုင်ရာ
တောင်ငူမြို့သို့ပြန်လိုကြောင်း ပြောသည်ကို ယောက္ခမ ဖြစ်သူတို့မှ
မပြန်ရန်တားမြစ်ခဲ့သဖြင့် စိတ်ဆိုးကာ နေအိမ်တိုက်ခန်း (၆)လွှာ၊
ဝဲဘက်ဘေးပြူတင်းပေါက်မှ အောက်သို့ခုန်ချခဲ့ရာ (၃)လွှာရှိ
ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင်သွပ်မိုးပေါ်သို့ကျပြီး
သွပ်မိုးပေါက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ပါသည်။
ထိုသို့ခုန်ချခဲ့သည့်အတွက် မ---- တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့်
ခါးနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိပါသည်။
ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူ မ--- အား ပိတောက်ချောင်း
နယ်မြေရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၉ ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Tuesday, March 18, 2014
အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသဖြင့် ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...