<div style='background-color: none transparent;'></div>

Friday, December 4, 2015

facebook

ဖေ့ဘုတ် ထဲမှာ မောင့်ကို ထား ရစ်ခဲ့
~~~~~~~~~~~~~~~~~~~~~~~

ဘိုက်ဘာ မချက်တတ်တဲ့ မိန်းမ နဲ့
ဝီချက် မပြောဘူးသော ယောင်္ကျား
စီဘီ မှာ အမှတ်တမဲ့ Hi မိတဲ့ဇတ်လမ်းပါ
ငါတို့ပျော်စံရာ အမ်ပီတီ အွန်လိုင်းမှာ
မိုးတွေ ကအပြိုင်းပြိုင်း ရွာချ
လိုင်းက မမိ
ငါတို့ စသိတဲ့ နေ့ပေါ့.,ကွာ
ဒီလိုနဲ့ အချိန်ကြာတော့
ငါက ကဗျာတွေရေး နင်က
like တွေပေး
(အဝိုင်းလေးပတ် နေတဲ့ကြားက
ဂျက်လီလို လျှင်မြန်တဲ့ comment
ဂျက်ကီချမ်း လက်သီးလို ချက်ကောင်း like)
Likeပေး ကြမ်းတဲ့ နင့်ကို
ငါကလည်း ဂိုက်ပေးကြမ်း မိတယ်ပေါ့..
ငါတို့ စကားစပြောတော့ တန်ဂို
အမှန်ဆို ငါက ဝပ်စ အပ်မှာ
အသက်ထွက် မတတ် အော်ပြော ခဲ့ရ
အနာဂတ် ဆိုတာ ကြိုမမြင်နိုင်တဲ့ မိုးတိမ်ပေါ့
ကလေးရယ့်
ငါ့ လမင်းလေး ကို သိမ်းဝှက်သွားမလား
ဘာ ညာ ပေါ့
တစ်ချို့သော ကာလ မှာ ကွန်နက်ရှင် လှိုင်းတံပိုးတွေ ကြား
ငါတို့ အချက်(chating)လှေငယ်လေး
ဖုတ်လိုက် ဖုတ်လိုက် အသက်ငင်ခဲ့ရ
ဒီလို သံယောဇဉ် ကွန်နက်ရှင်းလေးမိကာမှ
ဘေကုန်သွား တဲ့ အင်တာနက်လို
ဖေ့ ဘုတ် မှာ မင်း ထားသွားပြီ...
ဘိုင်ဘာက မင်းအသံလေး ကို
ကွန်နက်ရှင် မိတိုင်း ဖွင့်နေမိဆဲပါ
ရပါတယ် ပူတူတူးလေးရယ်
မြန်မာပြည်မှာ4Gလိုင်း စသုံးတဲ့နေ့
မင်းကိုငါ ရအောင် Downloadဆွဲပြမယ်
ခုတော့ ဖေ့ ဘုတ်ထဲ မှာ မောင့်ကို ထားရစ်ခဲ့
မိုးပြာ(လွင့် ဝေး အိမ်)
by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...