<div style='background-color: none transparent;'></div>

Thursday, May 30, 2013

ပြင်သစ်နိုင်ငံ၌ ပထမဆုံး လိင်တူ လက်ထပ်ပွဲ ကျင်းပ


လိင်တူ လက်ထပ်ခြင်းကို လပေါင်း များစွာကြာ ဆန့်ကျင် ဆန္ဒပြမှုများ၊ ပေါ် ပေါက်ခဲ့သော်လည်း မေလ ၂၂ ရက်က ပြင်သစ်နိုင်ငံ၏ ပထမဆုံး လိင်တူ လက် ထပ်ပွဲကို မောင့်ပဲလီယာ မြို့၌ ကျင်းပ ခဲ့သည်။

ထို့ကြောင့် မေလ ၂၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ပဲရစ်မြို့လမ်း ပေါ်၌ အနည်းဆုံး လူပေါင်း တစ်သိန်းခွဲ ကျော် ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး လိင်တူ လက်ထပ်ခွင့် ဥပဒေနှင့် လူ့အဖွဲ့အစည်း တွင် မိန်းမလျာများအား လက်ခံခြင်း အပေါ် ရှုတ်ချခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှု၌ စုစုပေါင်း ၂၉၃ ဦးကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် လေးဦး၊ ဓာတ်ပုံဆရာ တစ်ဦးနှင့် ဆန္ဒပြ သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဝန်ကြီး အဖွဲ့မှ အဆိုပါ ဥပဒေကို လက်ခံသည့် အချိန်ပြီးခဲ့ သည့် ဆောင်းရာသီ မှစ၍ ဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည်။

ပြင်သစ်နိုင်ငံ သည် လိင်တူ လက်ထပ်ခွင့်ပြုသည့် ၁၄ နိုင်ငံမြောက်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အပေါ် အခြားနိုင်ငံ များမှ ထင်မြင်ချက် အမျိုးမျိုး အဖုံဖုံ ပေးလျက် ရှိသည်။ ပြင်သစ်နိုင်ငံ၌ ပထမ ဆုံးလိင်တူ လက်ထပ် သူ စုံတွဲမှာ အသက် ၄ဝ အရွယ် ဗင်းဆင့် အူဘင်နှင့် အသက် ၃ဝ အရွယ် ဘရူနိုဘိုလီ ဖြစ်ပြီး မောင့် ပဲလီယာမြို့၌ လက်ထပ် ခဲ့ခြင်းဖြစ်သည်။
၎င်းမြို့သည် လိင်တူ ကျွမ်းဝင်သူ များသည့်မြို့ဖြစ်ခြင်းကြောင့် ပြင် သစ် နိုင်ငံ၏ ဆန်ဖရန်စစ္စကို မြို့အဖြစ် လူသိ များခဲ့သည်။

၎င်းတို့သည် ငါးနှစ်ကြာ ချစ်ကြိုက် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မင်္ဂလာအခမ်း အနားကို ဝန်ကြီး အဖွဲ့ဝင်နှစ်ဦးနှင့် စာနယ်ဇင်း သမား ၁၃ဝ ဦးတို့ အပါအဝင် စုစုပေါင်း ပရိသတ်ခြောက်ရာ တက်ရောက် ခဲ့ကြောင်း သိရ သည်။

သိဂီင်္ဝင်း
 
by popular journal

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...