<div style='background-color: none transparent;'></div>

Thursday, May 30, 2013

iTunes Error 3194 အားဖြေရှင်းနည်း

ကျွန်တော်တို့  Firmware တွေကို Shift+Restore လုပ်တဲ့အခါမှာ အများဆုံး ကြုံတွေ့ တတ်ရတဲ့ iTunes Error လေးကတော့ Error 3194 ပါ။ အဲဒီ iTunes Error 3194 ကိုဖြေရှင်းဖို့ အတွက် နည်းလမ်း ၂ ခုရှိပါတယ်။
နည်းလမ်း ၁
TinyUmbrella ကိုသုံးပြီး Error 3194 ကိုဖြေရှင်းလို့ ရပါတယ်။
1. TinyUmbrella ကို အောက်က Link မှာ ဒေါင်း လိုက်ပါ။
Download TinyUmbrealla
2. TinyUmbrella ကိုဖွင့်လိုက်ပါ။
3. ပြီးရင် Advanced Tab ထဲ မှာ “Set Hosts to Cyida on Exit” ကို အမှန်ခြစ်ပေးလိုက်ပါ။
4. ပြီးရင်တော့ iDevice ကို computer နဲ့ ချိတ်/ DFU Mode ထဲဝင်ပြီး Shift+Restore လုပ်နိင်ပါပြီ။ iTunes Error 3194 မတက်တော့တာ ကို တွေ့ ရလိမ့်မယ်။
TinyUmbrella နဲ့ အဆင်မပြေတဲ့ သူတွေကတော့ အောက်က နည်းလမ်းကို သုံးကြည့်စေချင်ပါတယ်။
နည်းလမ်း ၂
1.ဒီနည်းလမ်းကတော့ Host File ကိုပြင်ရတဲ့ နည်းပါ။
c:WindowsSystem32driversetchosts ကို Notepad နဲ့ ဖွင့်လိုက်ပါ။

2. Host File ရဲ့ အောက်ဆုံးနားလေးမှာ 74.208.10.249   gs.apple.com ကိုထည့်ပေးပြီး Save လိုက်ပါ။ ကျွန်တော် အောက်က ပုံမှာပြထားတဲ့အတိုင်းပေါ့….
3. Host File ပြင်ပြီးသွားရင်တော့ iDevice ကို ကွန်ပျူတာနဲ့ ချိတ်/ DFU Mode ထဲဝင်ပြီး Shift+Restore လုပ်နိင်ပါပြီ။ Error 3194 မတက်တော့ဘဲ အောင်မြင်စွာ Restore လုပ်နိင်ပါလိမ့်မယ်…
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

by myanmarmobileapp

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...