<div style='background-color: none transparent;'></div>

Sunday, June 2, 2013

ရီးရဲလ်ကို ဟီဂူအင် ကျောခိုင်းတော့မယ်

ရီးရဲလ်ကို ဟီဂူအင် ကျောခိုင်းတော့မယ်အိုဆာဆူနာကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရီးရဲလ်ကနေ ထွက်ခွာတော့မယ်လို့ ဟီဂူအင်က အတည်ပြုခဲ့ပါတယ်။ ဟီဂူအင်ဟာ
အဲဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပြင်းပြင်းပြပြ
အောင်ပွဲခံခြင်းမရှိခဲ့ပါဘူး။ သူအနေနဲ့ ရီးရဲလ်ကစားသမားဘ၀ အချိန်တွေ ကုန်ဆုံးတော့မယ်လို့ ခံစားနေရပြီး ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှု ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဟီဂူအင်ဟာ ရီးရဲလ်ကို ယူရို ၁၂သန်းနဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ပြောင်းရွှေ့ကြေးက ယူရို သန်း ၂၀ အနည်းဆုံးရှိနေပါတယ်။ ဒါပေမဲ့ ဟီဂူအင်ကတော့ သူ့ကိုတကယ်အလိုရှိတဲ့ အသင်းကိုပြောင်းမယ်လို့ ဖွင့်ဟထားပြီး အဲဒီအသင်းမှာ သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။ ဟီဂူအင်ကို ရောင်းဖို့ ရီးရဲလ်ကသဘောတူထားတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပြီး ဂျူဗင်တပ်ရောက်ဖို့ ရာနှုန်းများနေပါတယ်။

by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...