<div style='background-color: none transparent;'></div>

Sunday, June 2, 2013

အင်္ဂလန်က ကမ္ဘာ့ဖလားရနိုင်တဲ့အဆင့် မဟုတ်ပါဘူး----နေမာ

အင်္ဂလန်အဆင့်က ကမ္ဘာ့ဖလားမရနိုင်ပါဘူး----နေမာဘရာဇီးတိုက်စစ်မှူး နေမာကတော့ အင်္ဂလန်နဲ့ ခြေစမ်းပွဲမတိုင်ခင်မှာ ပြိုင်ဘက်အပေါ် စိတ်ဓာတ်စစ်ဆေးရေး ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ
အင်္ဂလန်ရဲ့ခြေစွမ်းကို ကြောက်ရွံ့နေမှာ မဟုတ်သလို အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ချန်ပီယံလောင်းစာရင်းမှာ ထည့်သွင်းစရာမလိုတဲ့အသင်းလို့ ဆိုခဲ့တာပါပဲ။ နေမာဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲတုန်းကလည်း အင်္ဂလန်ကို ဝေဖန်ခဲ့ဖူးပြီး အင်္ဂလန်ဟာ ရွန်နီတစ်ဦးတည်းအပေါ် မှီခိုနေရတဲ့အသင်းလို့ ဆိုခဲ့တာပါ။
နေမာဟာ ဆန်းတို့စ်မှာ အကောင်းဆုံး
ကစားသမား ဖြစ်ခဲ့တယ်ဆိုပေမယ့်
နိုင်ငံလက်ရွေးစင် အသင်းအတွက်
လောက်လောက်လားလား အောင်မြင်မှုမျိုး မပေးဆပ်နိုင်ခဲ့သလို ဥရောပ အဆင့်ပြိုင်ပွဲတွေမှာ သူ့ခြေစွမ်းကို စမ်းသပ်ခံဖို့ လိုနေသေးတဲ့ ကစားသမားတစ်ယောက်ပါ။ သူသာ ဆန်းတို့စ်ကနေ အင်္ဂလန်ရောက်လာရင် အင်္ဂလန်မီဒီယာတွေရဲ့ ဝေဖန်ရေးကြောင့် မရူမလှ ခံစားရဖို့ရှိပြီး ဘာကာရောက်သွားတာ သူ့အတွက် သက်သာတယ်လို့ပဲ ဆိုရမလိုပါ။

by yoyarlay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...