<div style='background-color: none transparent;'></div>

Thursday, March 20, 2014

မော်တင် ကားမှတ်တိုင်အနီးတွင် ကွန်တိန်နာယာဉ် မီးရထားကို ဝင်တိုက်မိ

ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ ရွာသစ်ချောင်းထိပ်ရှိ ကွန်ကရစ် လမ်းမပေါ်တွင် မတ်လ ၁၉ ရက် နံနက် ၅ နာရီ ခွဲခန့်က အရှိန်ဖြင့် မောင်းနှင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး ဘီးပေါက်ရာမှ ရပ်ထားသော မီးရထားစက်ခေါင်းနှင့် တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

အလုံမြို့နယ်ဘက်မှ ပုဇွန်တောင် မြို့နယ်ဘက်သို့ ကွန်ကရစ် လမ်းမကြီးအတိုင်း မောင်းလာသော ဟီးနိုးအမျိုးအစား ကွန်တိန်နာယာဉ်သည် ပို့ဆောင်ရေး စီမံကိန်းရုံးရှေ့အရောက် ယာဉ်ညာဘက်ရှိ ရှေ့ဘီးပေါက်ကာ လမ်းဘေး ထိုးဆင်းရာမှ ရပ်ထားသော DD-506 မီးရထား စက်ခေါင်း၏ ဘယ်ဘက်ခြမ်းကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဆီတွဲဆိုင်းတွေ ချိန်းဖို့ ရပ်စောင့်နေတဲ့ မီးရထားစက်ခေါင်းနဲ့ ကားရှေ့ခြမ်း တိုက်မိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရမှု မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

မီးရထားစက်ခေါင်းနှင့် တိုက်မိသောကြောင့် ယာဉ်အရှေ့ပိုင်း ပျက်စီးခဲ့ပြီး စက်ခေါင်းလက်ရမ်း ပိန်ချိုင့်ခဲ့ကြောင်း၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ်ရှိ ကွန်တိန်နာ ယာဉ်မောင်း ကိုရဲလင်းထွန်းကို ယာဉ် (ပ) ၇/၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဆိပ်ကမ်း မြို့မရဲစခန်းထံမှ သိရှိရသည်။
by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...