<div style='background-color: none transparent;'></div>

Thursday, March 20, 2014

လက်နက်နှင့် မူးယစ်ဆေးများ မုပ္ပလင်လမ်းဆုံ၌ ဖမ်းမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံတွင် မြဝတီနယ်စပ်မှ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် သယ်လာသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သိမ်ဇရပ် နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
VIGO အမျိုးအစား အမည်းရောင် လိုင်စင်မဲ့ယာဉ်ပေါ်မှ Star စာတန်းပါ ကျည်ကိုးတောင့် ထည့်ထားသည့် ၃၂ ပစ္စတိုတစ်လက်၊ L ၁၅၁၈ နံပါတ်ပါ ကျည် ၁၇ တောင့် ထည့်ထားသည့် AK 47 ရိုင်ဖယ် သေနတ်တစ်လက်၊ ၁၄ လက်မရှည်သည့် စတီးဓားတစ်ချောင်းနှင့် WY စာတန်းပါသည့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား အပြား ၇၀ တို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မတ်လ ၁၄ ရက်နေ့ကလည်း မော်လမြိုင်၊ မြိုင်သာယာ ၆ လမ်းတွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူထံမှ WY စာတန်းပါ မူးယစ် စိတ်ကြွဆေးပြား အလုံး ၂၆၀၀ နှင့်အတူ ခြောက်လက်မ အရှည်ရှိသည့် လက်လုပ်ပြောင်းချော သေနတ်အတို တစ်လက်ကို မြိုင်သာယာ ရဲစခန်းမှ ဖမ်းဆီးရရှိခဲ့ကြောင်း မြိုင်သာယာ နယ်မြေ ရဲစခန်းမှ စခန်းမှူး အောင်သီဟကျော်က ပြောကြားသည်။

by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...