အစား အစာနှင့် ဆေးဝါး ကွက်ကဲ ရေးဌာနမှ အစာ အိမ် ဆေးများ သည် အစာအိမ် နှင့်အူလမ်း ကြောင်းတစ် လျှောက်တွင် ဘက်တီးရီးယားပေါက်ဖွား မှုကို အားပေးကြောင်းထုတ်ပြန်ကြေ ညာလိုက်သည်။ အစာအိမ်အနာဖြစ်ခြင်းနှင့် အစာ အိမ်အချဉ်ပေါက်ခြင်းတို့တွင် သုံးသော ဆေးဝါးများ (Proton pump inhibitors) သည် အစာအိမ်မှ ထုတ်သော အက်ဆစ် (Gastric acid) ကို လျော့ ချပေးခြင်းဖြစ်သည်။ ၄င်းအက်ဆစ်သည် အစာအိမ်နှင့်အူလမ်းကြောင်းသို့ဝင် ရောက်လာသောပိုးမွှားအတော်များများ ကို ကာကွယ်ဟန့်တားဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် အစာအိမ်ဆေးများ ကြောင့် အက်ဆစ်အထွက်နည်းသော အခါ ပိုးမွှားဝင်ရောက်မှုနှင့် အူလမ်း ကြောင်းတစ်လျှောက်ပေါက်ဖွားမှုမြင့်တက် လာသည်။ အထူးသဖြင့် clostridium difficile ဟုခေါ်သော ဘက်တီးရီးယား ခိုရောက်ပေါက်ဖွားသောအခါ တော်ရုံ ဆေးဖြင့် ကုသ၍ မပျောက်သော ဝမ်း လျှောဝမ်းပျက်ဖြစ်ကြောင်းလေ့လာတွေ့ရှိ ရသည်။ ၂၀ဝ၆ မှ ၂၀၁၀ ခုနှစ်အတွင်း စစ်တမ်းကောက်ယူချက်များအရ C.difficile ကြောင့် ဝမ်းလျောဝမ်းပျက် ကြသူများ၏ ထက်ဝက်ကျော်မှာ အစာ အိမ်ဆေးများကို ပုံမှန်သောက်သုံးနေသူ များဖြစ်ကြောင်း တွေ့ရသည်။ အများစု မှာ အသက်အရွယ်ကြီးရင့်သူများနှင့် အခြားရောများတွဲဖက်ရှိသူများဖြစ်ကြ သည်။ C.difficile ကိုကုသရန် ဆေးဝါး များရှိသော်လည်း ဆိုးဝါးသော အခြေ အနေတွင် ပုပ်သွားသော အူအစိတ်အ ပိုင်းဖြတ်ထုတ်ပစ်ရသည်။၎င်းကြောင့် ရော၈ါဖြစ်သူ ၂၅၀ ခန့်အနက် ၂၃ ဦးသေဆုံးကြောင်းသိရသည်။
စန္ဒီ(ဆေး-၂)
စန္ဒီ(ဆေး-၂)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...