<div style='background-color: none transparent;'></div>

သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

Saturday, December 6, 2014

အမေရိကန်တွင် ခေါင်းနှစ်လုံးနှင့် ကလေးမွေးဖွား

အတ္တလန်တာ၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်တွင် လူတစ်သန်း၌ တစ်ဦးနှုန်းပင် မွေးဖွားခဲသည့် ခေါင်းနှစ်လုံးနှင့် ကလေးငယ်တစ်ဦးကို ဒီဇင်ဘာ ၄ရက်က မွေးဖွားခဲ့သည်။ မြို့ တော် အတ္တလန်တာတွင် နေထိုင်သူ ရိုဘင်နှင့် မိုက်ကယ်တို့ ဇနီးမောင်နှံတွင် နံနက် ၇ နာရီ ၃၂ မိနစ်၌ ရှားပါး ဖြစ်ခဲလှသည့် ခန္ဓာကိုယ် တစ်ခုတည်း ရှိပြီး ခေါင်းနှစ်လုံး ပါရှိသည့် သားယောက်ျား အမွှာပူးလေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
TwoHead
"ကလေးတွေ မွေးလာတော့ အားလုံးကို တအံ့တသြ ဖြစ်သွားစေတယ်။ ခေါင်းလေး နှစ်လုံးစလုံးမှာ ရှိတဲ့ မျက်လုံးလေးတွေနဲ့ ငိုနေ ကြတယ်"ဟု ဖခင်ဖြစ်သူ မိုက်ကယ်က ဖေ့ဘုတ်တွင် သူ့ ကလေးများက ကိုးပေါင်နှင့် ဆယ်အောင်စ ရှိကြောင်း ရေးသား ပြော ဆို၍ ကြေညာလိုက်သည်။ အမွှာအဖြစ်မှ အောင်မြင်စွာ ခန္ဓာကိုယ် တစ်ခုစီ ကွဲထွက် ကြီးထွားလာခြင်း မရှိဘဲ ခေါင်းနှစ်လုံးသာ ဖွံ့ဖြိုးလာခဲ့ သောကြောင့် ယခုကဲ့သို့ ခန္ဓာကိုယ် တစ်ခုတည်းနှင့် ခေါင်းနှစ်လုံး ပါရှိနေခြင်း ဖြစ်သည်။ ထူးခြားသည်မှာ ခန္ဓာကိုယ်မှာ အခြားကလေးများကဲ့သို့ အင်္ဂါအစုံအလင်ပင် ဖြစ်ပြီး ခေါင်းတွင်သာ နှစ်လုံး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းခေါင်းနှစ်လုံးမှာလည်း တစ်လုံးနှင့် တစ်လုံး အရွယ်အစား တူညီပြီး အင်္ဂါများ ချွတ်ယွင်းမှု မရှိပေ။ အဆိုပါ ခေါင်းနှစ်လုံးမှာ တစ်လုံးနှင့် တစ်လုံး လှုပ်ရှားပုံခြင်း မတူညီသောကြောင့် ခေါင်းတစ်လုံးလျှင် စိတ်တစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ သို့ဖြစ်ရာ ယင်းကလေးငယ်ကို သတင်းသမား များက "တစ်ကိုယ် နှစ်စိတ်"ဟု အမည်တပ်ခဲ့ ကြသည်။
အဆိုပါ ခေါင်းနှစ်လုံး ကလေးငယ်သည် ကျန်းမာပြီး အောက်ဆီဂျင် ပေးစရာ မလိုကြောင်း ဆရာဝန်များက ပြောသည်။ မိဘများကမူ ခန္ဓာကိုယ် တစ်ခုသာ ပါဝင်သော်လည်း ခေါင်းနှစ်လုံးနှင့် စိတ်နှစ်စိတ် ပါဝင်သောကြောင့် ကလေး နှစ်ယောက်အဖြစ် သတ်မှတ်ကာ ကလေးများကို အေဆာနှင့် အီလီဟု အမည်ပေးထားသည်။
  
အေဆာနှင့် အီလီတို့ ကဲ့သို့ အမွှာပူးခြင်းသည် တစ်သန်းတွင် တစ်ယောက်ဖြစ်ခဲသလို မည်သို့ မျှလည်း ခွဲစိတ်၍ မဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။ ယင်းအမွှာပူး အေဆာနှင့် အီလီသည် နှလုံးက တစ်ခုတည်းရှိပြီး အဆုတ်က သုံးခုပါရှိနေသည်။ အဆုတ်တစ်ခုမှာ နှစ်ဦးအတူ ချိတ်ဆက် ထားကြခြင်းဖြစ်သည်။
  
မိဘနှစ်ပါး ဖြစ်သည့် အသက် ၃၄ နှစ်စီရှိကြပြီ ဖြစ်သည့် ရိုဘင်နှင့် မိုက်ကယ်တို့ မှာ ကလေး ထပ်မရနိုင်တော့ဟု ထင်ထားသူများ ဖြစ်ရာ အေဆာနှင့် အီလီလေး မွေးဖွားလာ၍ ၎င်းတို့ ၏ သမီးကြီးဖြစ်သူ ဆီလက်နှင့် အတူ သားအမွှာ ခေါင်းနှစ်လုံးနှင့် ကလေးကို ဝမ်းပန်းတသာဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြ တော့သည်။
Ref: Daily Mail
by mizzima

Wednesday, November 26, 2014

ပိန်ပိန်သွယ်သွယ်သစ်ပင်နဲ့ လက်ထပ်တဲ့ အမျိုးသား


ပီရူးဗီယန် ရုပ်ရှင်သရုပ်ဆောင် အမျိုးသား ရစ်ချက်တောက ကိုလံ ဘီယာနိုင်ငံ၊ ဘိုဂိုတာအမျိုးသားပန်းခြံအတွင်းက လုံးပတ်သွယ်သွယ်သစ်ပင်တစ်ပင်နဲ့ လက်ထပ်ပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါ တယ်။
သူရဲ့ ဒီလိုသမားရိုးကျမဟုတ်တဲ့ သဘာဝလွန် လက်ထပ်ပွဲကို ပြု လုပ်ကျင်းပတဲ့နေရာမှာ သူက ယင်းသစ်ပင်ကို သတို့သမီးတစ်ဦး ပမာရှုမြင်ခံစားပြီး သတို့သမီးအပြင်အဆင်တွေနဲ့ တကယ့်လက်ထပ် ပွဲသဖွယ် စည်စည်ကားကား ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
ဘိသိတ်ဆရာ၊ ရွှေပွဲလာ ဧည့်ပရိတ်သတ်များအရှေ့မှောက် သတို့သမီးသစ်ပင်ကို သတို့သမီးတစ်ဦးနှယ် ချစ်ခြင်းမေတ္တာအနမ်း များ ခြွေပါတယ်။ နောက် သစ္စာဆိုပါတယ်။ ပျော်ပျော်ရွှင်ရွှင်အပြုံး၊ အ နမ်းများ၊ စကားစမြည်များနဲ့ ဧည့်လာများကို ဧည့်ခံရေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လူအများစိတ်ဝင်တစားရှိတဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သူကလူ တွေကြောင့် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ပြုန်းတီးပျက်စီး မှုများ ဖြစ်နေကြောင်းကို ဖော်ပြလိုခြင်းဖြစ်ကာ ကိုလံဘီယာနိုင်ငံ သစ်တောသစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံလည်းစစ် မြေပြင်တိုက်ပွဲတွေဖန်တီးခြင်းကနေ သစ်ပင်စိုက်ခြင်းကိုပြောင်းလဲ ပြုလုပ်ပါလို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒီပွဲက ပြီးခဲ့တဲ့နှစ်
ဗျူနိုအေး ရိစ်မှာကျင်းပခဲ့တဲ့ ပွဲနဲ့ဆိုရင် သူ့ရဲ့နှစ်ကြိမ်မြောက်လက်ထပ်ခြင်းပဲ ဖြစ်ပါတယ်။
by phothutaw

Tuesday, November 18, 2014

ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ပတ်စ်ပို့ များ

pass
The world most powerful passport လို့ဆိုတဲ့ ကမ္ဘာပေါ်မှာ သြဇာ အာဏာ အကြီးဆုံး၊ ပါဝါအကြီးဆုံး ပိတ်စ်ပို့ သုံးခုကို ပြောပါ ဆိုရင် ပုံမှာ မြင်တွေ့နေရတဲ့ ပတ်စ်ပို့ သုံးခုပဲ ဖြစ်ပါတယ်။ ဗြိတိသျှ၊ ဆွီဒင် နဲ့ ဖင်လန် နိုင်ငံသားတို့ ကိုင်တဲ့ ပတ်စ်ပို့ပဲ ဖြစ်ပါတယ်။ ယင်းနိုင်ငံသားများဟာ နိုင်ငံပေါင်း ၁၇၃ နိုင်ငံကို VISA မလိုပဲ Passport ပါရုံနဲ့ သွားလာနိုင်လို့ ဖြစ်ပါတယ်။
အမေရိကန်က ၁၇၂ နိုင်ငံပဲ သွားနိုင်တာကြောင့် ထိပ်ဆုံး ၃ခု စာရင်းမှာ မပါဝင်လိုက် ပါဘူး။ VISA ဆိုတာ Passport ပြီးရင် နိုင်ငံအသီးသီးရဲ့ ဒေသတွင်းက သံရုံးက ထုတ်ပေးတဲ့ ထောက်ခံချက် (endorsement) စာရွက်တစ်ခုဆိုလည်း မမှား ပါဘူး။ ကမ္ဘာ့ ပါဝါ အကြီးဆုံး ပတ်စ်ပို့လို့ ထုတ်ပြန်တဲ့နေရာမှာ ထားခဲ့လို့ မရတဲ့ နောက်ထပ် ပတ်စ်ပို့ တစ်ခု ကတော့ ဟောင်ကောင် ပတ်စ်ပို့ ဖြစ်ပါတယ်။
သူ့ကိုလည်း ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ဖြစ်ကြောင်းလည်း အချို့က လက်ခံထားပါတယ်။ အကြောင်းကတော့ ဟောင်ကောင်ပတ်စ်ပို့ ကိုင်ဆောင်သူဟာ နိုင်ငံအားဖြင့် ၁၅၂ နိုင်ငံသာ visa-free သွားနိုင်ပေမယ့် သူသွားနိုင်တဲ့ နိုင်ငံ ဧရိယာဟာ ပိုကျယ်ပြီး သူလည်ပတ်တဲ့ နိုင်ငံများရဲ့ လူဦးရေကို ပေါင်းလိုက်ရင် ကမ္ဘာမှာ အများဆုံးမို့ ဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ ၃.၈ ဘီလျံရှိတဲ့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံကို ဗီဇာမလို လည်ရမှာ ဖြစ်ပါတယ်။ အဓိကကတာ့ တရုတ်ပြည်မ ပါ ပါဝင်သွားခြင်းကြောင့် ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဗြိတိန်သျှ ကိုလိုနီလက်အောက်ကနေ တရုတ်ပြည်မကို လွဲပြောင်းပေးခဲ့ပေမယ့် ဟောင်ကောင်က ကိုယ်ပိုင် ပတ်စ်ပို့ကို ကိုင်ဆောင်ထားဆဲ မို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ အာဏာအကြီးဆုံး ပတ်စ်ပို့ လေးခုကို ပြပါ ဆိုရင် ဗြိတိန်သျှ၊၊ ဆွီဒင်၊ ဖင်လန်နဲ့ ဟောင်ကောင် တို့ ဖြစ်ပါတယ်။
နောက်ထပ် နိုင်ငံများကို http://nextshark.com/which-country-has-the-most-powerful-passport-u-s-sweden-youll-never-guess-the-answer/ ထဲမှာ ရှာဖွေ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

Friday, July 25, 2014

အိန္ဒိယ လူငယ်တစ်ဦး သွားပေါင်း ၂၃၂ ချောင်းနှုတ်ခဲ့ရ

အိန္ဒိယနိုင်ငံက ​ဆရာဝန်တွေက ​ဆယ်ကျော်သက်အရွယ် ​တစ်ဦးရဲ့ ​သွားအချောင်းပေါင်း ​၂၃၂ ​ချောင်းကို ​၇ ​နာရီကြာအောင် ​နှုတ်ခဲ့ရတယ်လို့ ​သိရပါတယ်။

အသက် ​၁၇ ​နှစ်အရွယ် ​Ashik ​Gavai ​ဟာ ​ညာဖက်မေးရိုး ​ရောင်ကိုင်းနေတဲ့ ​ဒဏ်ကို ​တစ်နှစ်ခွဲနီးပါး ​ကြိတ်မိတ် ​ခံစားခဲ့ရာကနေ ​မိဘတွေက ​ကင်ဆာလို့ ​ယူဆပြီး ​ဆရာဝန် ​ပြပြီးနောက်ပိုင်း ​ခွဲစိတ်ကုသမှု ​ခံယူခဲ့တာ ​ဖြစ်ပါတယ်။

သူ့မှာ ​odontoma ​လို့ခေါ်တဲ့ ​ထူးဆန်း ​ရှုတ်ထွေး ​တဲ့ ​ရောဂါရှိနေ ​တာဖြစ်ပါတယ်။

ဆရာဝန်တွေက ​သာမန် ​ခွဲစိတ်မှုလို့ ​ယူဆခဲ့ပေမယ့် ​အဲဒီမေးရိုးကို ​ခွဲစိတ်တဲ့အခါ ​ပုလဲလို ​ဖြူဖွေးနေတဲ့ ​သွားအချောင်းပေါင်း ​၂၀၀ ​ကျော်ကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​သွားအချောင်းပေါင်း ​၃၇ ​ချောင်းရှိတဲ့ ​လူသားရှိခဲ့တယ်ဆိုတာ ​စာအုပ်တွေထဲမှာ ​ဖတ်ခဲ့ရပေမယ့် ​ဒီတချီမှာတော့ ​သွားအချောင်းပေါင်း ​၂၃၂ ​ချောင်းရှိတဲ့အတွက် ​ကမာ့္ဘစံချိန်တင်လောက်တယ်လို့ ​ခွဲစိတ်ကုသမှု ​လုပ်ခဲ့တဲ့ ​ဆရာဝန်မ ​တစ်ဦးက ​ပြောခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347979
by thithtoolwin


သွားပေါင်း ၂၃၂ ချောင်း နှုတ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် (Credit: AFP)    

Thursday, June 26, 2014

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဟီရိုရှီ အီရှီဂူရိုက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုပ်များသည် လူသားများနှင့် စက်ရုပ်များ အကြား မည်ကဲ့သို့ အပြန်အလှန် အကျိုးပြုမည် ကို လေ့ လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယင်းစက်ရုပ်များအား အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် နှုတ်ခမ်းလှုပ်ကာ အသံထွက်နိုင်စွမ်းရှိခြင်း၊ မျက်ခုံး ပင့်တင် နိုင်ခြင်းနှင့် ဦးခေါင်းအား ဘေးဘယ်ညာ လှည့်ကာ လှုပ်ရှားခြင်းတို့ကို ပြု လုပ်နိုင်စွမ်း ရှိသည်။

အဆိုပါ စက်ရုပ်များအား လေဖိအားနှင့် ဆာဗို မော်တာများ အသုံးပြု ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အထိုင်စက်ရုပ်များ အဖြစ် ထုတ်လုပ် ထားသော်လည်း ၎င်းတို့၏ လက်များမှာ လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ စက်ရုပ်များအား ရောင်းချ မည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ဂျပန် နိုင်ငံတွင် စက်ရုပ်များ အသုံးပြုမှုသည် လက်ပ်တော့များ အသုံးပြု သကဲ့သို့ပင် လူအများ လက်ခံနိုင်စွမ်း ရှိလာ ပြီဖြစ်ကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။

သုတမောင်

မြ၀တီ

Wednesday, June 25, 2014

သြစတြီးယား နိုင်ငံမှ အသန်မာဆုံး အမျိုးသားက ကမ္ဘာ့အလေးဆုံး လေယာဉ်ကို ကြိုးဖြင့်ဆွဲပြ၍ စံချိန်တင်

သြစတြီးယား နိုင်ငံမှ အသန်မာဆုံး အမျိုးသား ဟု သတ်မှတ် ထားခြင်း ခံရသည့် အမျိုးသား တစ်ဦးသည် ဘိုးအင်း ကုမ္ပဏီထုတ် ကမ္ဘာ့ အကြီးဆုံး Boeing 777 အမျိုးအစား လေယာဉ်ကြီးကို ကြိုးတစ်ချောင်း တည်းဖြင့် ဆွဲပြ၍ ကမ္ဘာ့စံချိန် တင်နိုင် ခဲ့ကြောင်း သိရသည်။ အသက် ၄၄ နှစ် အရွယ်ရှိ ဖရန့်ဇ်မူယယ်နာ သည် အဆိုပါ လေယာဉ်ကို ဇွန်လ ၂၃ ရက်က ဗီယင်နာမြို့ ရှိ ရွှီချက် လေယာဉ်ကွင်း တွင် အကွာအဝေး ၁၄ ဒသမ ၅ မီတာအထိ ရောက်အောင် ဆွဲပြနိုင် ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဆွဲပြရာတွင် အစောပိုင်း က ခန့်မှန်း ထားသည့် အချိန်ထက် ၁၅ မိနစ်စော၍ အောင်မြင်စွာ ဆွဲပြ နိုင်ခဲ့ခြင်း ဖြစ်သည်။ သြစတြီးယား လေကြောင်းလိုင်း ပိုင် အဆိုပါ လေယာဉ်ကြီးတွင် အင်ဂျင်နှစ်လုံး တပ်ဆင် ထားသော်လည်း မူယယ်နာ က အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကို ယင်းသို့ ကြိုးဖြင့် ယခင်က မည်သူ တစ်ဦး တစ်ယောက်မျှ ဆွဲပြနိုင်ခြင်း မရှိသေးကြောင်း လေကြောင်းလိုင်း မှ တာဝန်ရှိ သူတစ်ဦး ဖြစ်သူ ခရစ်ရှန် ဘိုးအား က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Tuesday, June 24, 2014

မိုးကြိုးအပစ်ခံရသော်လည်း သေဘေးကလွတ်

အတ္တလန္တာက ရှောင်အိုကော်နာ ဆိုသူကတော့ ထူးထူးခြားခြား မိုးကြိုးအပစ်ခံရပြီးတော့ သေဘေးက လွတ်ခဲ့ပါတယ်။ ရှောင်ဟာ သူ့ခြံထဲမှာ အလုပ်လုပ်နေတုန်း ရာသီဥတုက ချက်ချင်းကြီး ပြောင်းလဲသွားတာကို သတိထားလိုက်မိတယ်။

သူက “ကျွန်တော် ထွန်ခြစ်ကို ကောက်ကိုင်လိုက်ချိန်မှာ ကျယ်လောင်တဲ့ အသံကြီးတစ်သံကို ကြားလိုက်ရတယ်။ ခဏကြာတော့ ကျွန်တော်လည်း ပြန်ထလိုက်ချိန်မှာ ကျွန်တော့်ပါးစပ်ထဲက သွေးတွေ ထွက်လာသလို ခံစားလိုက်ရတယ်။ ခြေထောက်မှာလည်း မီးလောင်နေသလို ပူနေတယ်” လို့ သူက WSB Channel 2 ရုပ်သံလိုင်းကို ပြောပြပါတယ်။

အဲဒါနဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တော့ သူစီးထားတဲ့ ဘွတ်ဖိနပ်မှာ မီးခိုးတွေ ထွက်နေတာကြောင့် သူလည်း ကြောက်လန့်ပြီး ဖိနပ်တွေကို ချွတ်ပစ်လိုက်ပါတယ်။ မိုကြိုးက သူ့ခြေထောက်ကို ထိသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ဘယ်ဘက် ခြေထောက်နဲ့ ကိုယ်တစ်ခြမ်းလုံးမှာ ဝေဒနာ ခံစားနေရပေမယ့် ညာဘက်အခြမ်းကတော့ ကောင်းနေသေးတာ တွေ့လိုက်ရတယ်။ ဒါနဲ့ သူလည်း ဇနီးထံကို သူရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး ပို့လိုက်ပါတယ်။ အခြေအနေက ထိတ်လန့်စရာ ကောင်းပေမယ့် သူ့ဇနီးကိုလည်း ငါတော့ ကောင်းတယ် ထင်တာပါပဲလို့လည်း သတင်းပို့လိုက်ပါတယ်။

သူ့ဇနီးလည်း အိမ်က အမြန်ထွက်လာပြီး ရှောင်ကို ဆေးရုံ အရေးပေါ်ဌာနကို တင်ခဲ့ပါတယ်။ ပထမတော့ ဆရာဝန်တွေက သူတို့ကို လာနောက်နေတယ် ထင်ကြတယ်။ နောက်မှ ရှောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၄၀ အောက် လျော့နည်းသွားလို့ ဆရာဝန်တွေလည်း သူ့ကို တစ်ညလုံး ကြည့်ရှု စောင့်ရှောက်ပေးခဲ့ရပါတယ်။

ရှောင်ကို မိုကြိုးပစ်ခဲ့တာ တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံရတဲ့ လူ ၇ သိန်းမှာ တစ်ဦးပဲ အသက်ရှင်တတ်တာကြောင့် ရှောင်ဟာ ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့ရတယ်။ သူ့ကို မိတ်ဆွေတွေက ဒီညပဲ ထီထိုးဖို့ ပြောကြတယ်။ သူကလည်း မိုးကြိုးအပစ်ခံရပြီး စိတ်တွေပြောင်းကာ ဇွန်းကို စိတ်နဲ့များ ညွှတ်ကွေးသွားအောင် လုပ်နိုင်မလား ဆိုပြီး နောက်ပြောင်ကာ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ မရခဲ့ကြောင်း ပြောပါတယ်။
 
by the voice weekly

Tuesday, March 4, 2014

ဝက်မကြီးမှ လူဦးခေါင်းနှင့် တူသော ဝက်ငယ်တစ်ကောင် ပေါက်ဖွား


မန္တလေး  မတ် ၂
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်း မြရေနံရပ်ကွက် ကြက်သွန်ဖိုနေ ဦးငွေအောင်- ဒေါ်ချိုတို့၏ ဝက်မတစ်ကောင်မှ လူဦးခေါင်း ပုံသဏ္ဌာန်ရှိ  ဝက်ငယ်တစ်ကောင်
ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီက ပေါက်ဖွားခဲ့သည်။ အဆိုပါ ဝက်လေးသည် လူတစ်ယောက်၏ မျက်နှာနှင့်တူညီပြီး ထူးခြားချက်မှာ အပေါ်သွား သုံးချောင်း ပါရှိခြင်း၊ ဦးခေါင်းမှာ လူကဲ့သို့ ဗွေပါရှိခြင်း၊ လူ၏လည်ပင်းများကဲ့သို့ လည်ရစ်များ ပါရှိခြင်း၊ မျက်စိနှင့် မျက်ခုံးမွေးသည် လူနှင့်ဆင်တူခြင်း၊ ဦးခေါင်းတွင် အမှတ်ပါခြင်း၊ လူ၏လျှာကဲ့သို့ အပြားကြီးခြင်းတို့ ပါဝင်သည်။ ၎င်းဝက်ကလေးသည် ၁၁ လအရွယ် ဝက်မကြီး၏    ပထမအကြိမ် ပေါက်ဖွားသည့် ခုနစ်ကောင်အနက် ခြောက်ကောင်မြောက် မွေးခဲ့သော ဝက်မလေးဖြစ်သည်။ ဝက်လေး၏ အသွင်သဏ္ဌာန် ထူးခြားချက်များကြောင့် မန္တလေးမြို့ပေါ်မှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
by myawady

Sunday, February 9, 2014

နောက်ကျောမှာ အမြီးပေါက်လာတဲ့လူကို ဟိန္ဒူမျောက်နတ်ဘုရား ဟာနုမန် ပြန်လည်ဝင်စားသူအဖြစ် ၀ိုင်းကိုးကွယ်ကြ

နောက်ကျောမှာ ၁၄.၅ လက်မရှိတဲ့ အမြီးပေါက်လာတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ကို နတ်ဘုရားအဖြစ် ကိုးကွယ်နေကြကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်၊ အလီပါဒူရား ဒေသက အသက် ၃၅ နှစ်အရွယ် ချန်ဒရီ ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဟိန္ဒို မျောက်နတ်ဘုရား ဟာနုမန်ဝင်စားတယ်ဆိုပြီး နာမည်ကြီးလျက်ရှိပါတယ်။

ချန်ဒရီဟာ သစ်ပင်တွေကိုလည်း မျောက်တစ်ကောင်လို တက်ဆင်းနိုင်တဲ့အတွက် ဟာနုမန်ဝင်စားတယ်ဆိုတဲ့ အချက်ကို ပိုမိုယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ချန်ဒရီကို ကိုးကွယ်သူအများအပြားဟာ မိုင်ပေါင်းများစွာကနေ ချန်ဒရီ ဆီ အရောက်လာကြပြီး သူ့ ရဲ့ အိမ်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ချန်ဒရီရဲ့ အမြှီးနဲ့ ထိတွေ့ ကောင်းချီးပေးမှုကို ခံယူချင်ကြတဲ့အတွက် အခုလို မိုင်ပေါင်းများစွာကနေ အပင်ပန်းခံလာရောက်ရတာပါလို့  သိရှိရပါတယ်။

“ ကျုပ်ဟာ ဟာနုမန် ပဲ ။ ကျုပ်အမြှီးကြောင့် ကျုပ်ကို လူတွေအကုန်လေးစားရတယ်။ ဒီအမြှီးက ကျုပ်အတွက် အနှောင့်အယှက်မဖြစ်ဘူး။ ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ” လို့ မစ္စတာ ချန်ဒရီက ပြောကြားပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ ချန်ဒရီ ရဲ့ အမြှီးဟာ ရှားပါးတဲ့ မွေးရာပါမျိုးရိုးဗီဇချို့ ယွင်းမှု တစ်ခုကြောင့်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားပစ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ဒရီကတော့ သူ့ အမြှီးကို ဖယ်ရှားမယ့် အကြံကို အပြင်းအထန်ငြင်းဆန်နေပါတယ်။

“ကျုပ်ငယ်ငယ်တုန်းက အမေက အမြှီးကို တစ်ခါ ဖြတ်ပစ်ဖူးတယ်။ သိပ်မကြာလိုက်ဘူး။ ကျုပ်အပြင်းအထန် ဖျားတော့တာပဲ။ သေမလိုတောင်ဖြစ်ခဲ့တယ်လို့ ကျုပ်အမေပြောဖူးတယ်” လို့ ချန်ဒရီက ပြောကြားခဲ့ပါတယ်။

“ ဒါကြောင့် ကျုပ်အမြှီးကို ဒီအတိုင်းထားသင့်တယ်လို့ အားလုံး ဆုံးဖြတ်လိုက်တယ်။ ကျုပ် အမြီးဟာ ကြီးကျယ်မြင့်မြတ်တဲ့အတွက် အခုလို ဖျားနာခဲ့ရတာလို့ ကျုပ်မိသားစုက ထင်တယ်လေ”

ချန်ဒရီရဲ့ ဦးလေးဖြစ်သူ ရမ် က “ အသက်ကြီးလာတာနဲ့ သူ့ အမြီးက ထပ် ရှည်လာတာပဲ။ ဒါဟာ ဘုရားက ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုပဲဆိုတာ ကျွန်တော်တို့ ရိပ်မိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။

Ref: mirror
Trend Myanmar
by myanmaronlinenews

Monday, January 20, 2014

** မြွေနဂါး ခြေရာကြီး**


ထိုင်းနိုင်ငံ Phu Khet ကမ်းခြေအနီးက Koh Mai Pai (၀ါးကျွန်း) လေးမှာ မြွေနဂါး သွားရာလမ်းကြီးကို တွေ့ရှိခဲ့ရတဲ့ အဖြစ်ပါ..။ စာသင်ကျောင်းဘေးက တောင်စောင်းလျှိုမြောင်လေးထဲ ကနေထွက်လာကာ စာသင်ကျောင်းရှေ့ကို ဖြတ်ပြီး ပင်လယ်ဆီသို့ သွားတဲ့ လမ်းကြောင်းကြိးပါ..။ ကျောင်းအ၀င်ပေါက် ကျောင်းကစားကွင်းတို့မှာလည်း ဒီမြွေကြီး ဖြတ်သန်းသွားလာရာ ဒေသခံ ကျောင်းဆရာ တစ်ယောက်ကတော့ "ဒါ ဟာ ဒဏ္ဍာရီ အရဆိုရင် မြွေနဂါးကို လူတွေနေတဲ့ ဒေသမှာ တွေ့ရပြီ ဆိုရင်တော့ အတိတ်ဆိုး နမိတ်ဆိုးကြီးပါ တဲ့...ကပ်ရောဂါဆိုးကြီးတွေဖြစ်ပွားမယ်လို့.." ကောက်ချက်ချပါတယ်..။ အကောင်ကြီးဟာ 15 Meter ရှည်လျားပါတယ် လို့ယူဆရပါတယ်....။ အကျယ်ကတော့ 20 cm စီရှိပါတယ် တဲ့..။
သူတို့ တွေ ဒီခြေရာ ကို မတွေ့ရမီနေ့က ဒီရေ ဟာ ပုံမှန်ထက်ထူးထူးခြားခြား အင်မတန်မြင့်တက်ပါတယ်တဲ့..။ ကျောင်းနားမှာ နေတဲ့ လူတစ်ယောက်ပြောပြချက်ကတော့ သူ့အိမ်မှာ မွေးထားတဲ့ တရိစ္ဆာန်တွေ ည ဆယ့်တစ်နာရိလောက်မှာ အင်မတန်ဆူညံစွာအော်ဟစ်ကြပါတယ်တဲ့...။ သူက ပုံမှန်ပဲ ထင်လို့ ထမကြည့်မိတာပါတဲ့...။
ဒီဖြစ်ရပ်မတိုင်မီ တောင်စောင်းလေး နားမှာ နေတဲ့ အိမ်တွေက ဘဲတွေ ကြက်တွေ ခဏခဏ ပျောက်ဆုံးမှု့ ဖြစ်ပွားခဲ့ပါတယ်ဲ့..။ 
by myawady
Photo: ******* မြွေနဂါး ခြေရာကြီး******


ထိုင်းနိုင်ငံ Phu Khet ကမ်းခြေအနီးက Koh Mai Pai (၀ါးကျွန်း) လေးမှာ မြွေနဂါး သွားရာလမ်းကြီးကို တွေ့ရှိခဲ့ရတဲ့ အဖြစ်ပါ..။ စာသင်ကျောင်းဘေးက တောင်စောင်းလျှိုမြောင်လေးထဲ ကနေထွက်လာကာ စာသင်ကျောင်းရှေ့ကို ဖြတ်ပြီး ပင်လယ်ဆီသို့ သွားတဲ့ လမ်းကြောင်းကြိးပါ..။ ကျောင်းအ၀င်ပေါက် ကျောင်းကစားကွင်းတို့မှာလည်း ဒီမြွေကြီး ဖြတ်သန်းသွားလာရာ ဒေသခံ ကျောင်းဆရာ တစ်ယောက်ကတော့ "ဒါ ဟာ ဒဏ္ဍာရီ အရဆိုရင် မြွေနဂါးကို လူတွေနေတဲ့ ဒေသမှာ တွေ့ရပြီ ဆိုရင်တော့ အတိတ်ဆိုး နမိတ်ဆိုးကြီးပါ တဲ့...ကပ်ရောဂါဆိုးကြီးတွေဖြစ်ပွားမယ်လို့.." ကောက်ချက်ချပါတယ်..။ အကောင်ကြီးဟာ 15 Meter ရှည်လျားပါတယ် လို့ယူဆရပါတယ်....။ အကျယ်ကတော့ 20 cm စီရှိပါတယ် တဲ့..။ 
သူတို့ တွေ ဒီခြေရာ ကို မတွေ့ရမီနေ့က ဒီရေ ဟာ ပုံမှန်ထက်ထူးထူးခြားခြား အင်မတန်မြင့်တက်ပါတယ်တဲ့..။ ကျောင်းနားမှာ နေတဲ့ လူတစ်ယောက်ပြောပြချက်ကတော့ သူ့အိမ်မှာ မွေးထားတဲ့ တရိစ္ဆာန်တွေ ည ဆယ့်တစ်နာရိလောက်မှာ အင်မတန်ဆူညံစွာအော်ဟစ်ကြပါတယ်တဲ့...။ သူက ပုံမှန်ပဲ ထင်လို့ ထမကြည့်မိတာပါတဲ့...။ 
ဒီဖြစ်ရပ်မတိုင်မီ တောင်စောင်းလေး နားမှာ နေတဲ့ အိမ်တွေက ဘဲတွေ ကြက်တွေ ခဏခဏ ပျောက်ဆုံးမှု့ ဖြစ်ပွားခဲ့ပါတယ်ဲ့..။ 

:မောင်မိုးတိမ်
:မောင်မိုးတိမ်

Monday, January 13, 2014

ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇x ၂၈ လမ်းကြား၊ ၈၄လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ် ကောင်ကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်လုပ် ကိုင်သူ ဦးဇော်ဝင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန်ရှိပြီး လည်ပင်းတွင် အဖြူရစ် ပါရှိသည်။ အတောင်နှစ်ဖက် ဖြန့်လျှင် သုံးပေခန့် ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီး များကဲ့သို့ လှပသော ပန်းကွက်များ ပါရှိသော ထူးခြားဆောင်းခိုငှက် တစ်ကောင်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ ၎င်းငှက်အား စိတ်ပါဝင် စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ယနေ့နံနက် ၉နာရီတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၂ လမ်းရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 
by myawady
Photo: ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ

မန္တလေး ဇန်နဝါရီ ၁၃

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇x ၂၈ လမ်းကြား၊ ၈၄လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ် ကောင်ကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်လုပ် ကိုင်သူ ဦးဇော်ဝင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန်ရှိပြီး လည်ပင်းတွင် အဖြူရစ် ပါရှိသည်။ အတောင်နှစ်ဖက် ဖြန့်လျှင် သုံးပေခန့် ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီး များကဲ့သို့ လှပသော ပန်းကွက်များ ပါရှိသော ထူးခြားဆောင်းခိုငှက် တစ်ကောင်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ ၎င်းငှက်အား စိတ်ပါဝင် စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ယနေ့နံနက် ၉နာရီတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၂ လမ်းရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ကျော်ထူး(မန္တလေး)
ကျော်ထူး(မန္တလေး)

Friday, December 20, 2013

လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ်လေးတစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေးကို မွေးဖွားခဲ့သည်။

အဆိုပါ ထူးဆန်းစွာ မွေးဖွားမှုနှင့် ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော် ပြည်သတင်းလူငယ် မိဘများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ ယခု
လိုပြန်လည်ဖြေကြား ခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး၊ လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ တယ်။ ဒါပေမဲ့ကံစီမံရာပါပဲ၊ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်တိုင်း မိန်းကလေးပဲ ဖြစ်ပါစေဆိုတဲ့ ဆုတွေကိုတော့ အရမ်းတောင်း မိပါတယ်။

ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သတင်းသို့  ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/ ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ ကိုင်းချောင်းကျေးရွာ။ ၀ိုင်းချောင်း ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာ တစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ် သူ ဒေါ်မသိန်း မှ ယခုလို ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွား ကလေး တစ်ကျိတ်လောက် မွေးလာတာ ဒါမျိုးတွေကြားတောင်မကြားမိဘူး ထူးဆန်းတယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်းသို့ ပြောကြားသွားခဲ့သည်။

အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂) ခုပါရှိသည့်ကလေးငယ်မွေး ဖွားမှုနှင့် ပတ်သတ်ကြီး ၀က်ထီးကန်တိုက်နယ်ဆေးရုံ အုပ်ကြီး ဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်။

အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန်အထိတော့ လာရောက်ခြင်း မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။

နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးက ဆရာ/မတွေကို အဲဒိလို ဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ် ပေးနိုင်မှုက ပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွင်းစွာသုံးစွဲ မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။ အာခေါင်ကွဲ။ ကိုယ်လက်အင်္ဂါမစုံတာတွေလည်း ဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး၊ .........ဟုပြောကြား သွားပါသည်။ အဆိုပါ ထူးဆန်းစွာမွေးဖွားမှု့နှင့်ပက်သတ်ပြီး ဆက်သွယ်မေးမြန်း လှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှုး ဦးသိန်း ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်း လှုဒါန်းနိုင်ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။




ပြည်သတင်း

Friday, December 13, 2013

ငါးဆူးတောင် ပါသော ပုရွက်ဆိတ်

ကမ္ဘောဒီးယားနိုင်ငံမှာ အတွေ့များတဲ့ ပုရွက်ဆိတ်မျိုးစိတ် တစ်မျိုး ဖြစ် ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ ငါးကဲ့သို့ ဆူးတောင် တွေ ကျောမှာ ပါဝင်နေတာကို မြင်တွေ့ ရပါတယ်။

formicine လို့ခေါ်တဲ့ ယင်း ပုရွတ်ဆိတ်များမှာ မွေးရာပါ ပါလာတဲ့ သဘာဝ လက်နက် ဖြစ်ပါတယ်။ အခြား ပုရွက်ဆိတ်များကိုလည်း တိုက်ခိုက်အနိုင် ယူလေ့ ရှိပြီး သူတို့ကို ဖမ်းယူစားသောက်ဖို့ ကြိုးစားတဲ့ အင်းဆက်နဲ့ အကောင်များကို ကျောမှာပါတဲ့ ဆူးနဲ့ တိုက်ခိုက် ပါတယ်။

အစုလိုက်အဖွဲ့လိုက် သွားလာလုပ်ကိုင်တတ်တဲ့ formicine များကို ဘယ်ကောင်မှ မတိုက်ခိုက် ရဲပါဘူး။ ဒါကြောင့် ဆူးတောင် ပါတဲ့ Formicine ကို အရွယ်သေးပေမယ့် အားကြီး ပုရွက်ဆိတ် စာရင်းထဲ ထည့်သွင်း ထားပါတယ်။
.
Photo: ငါးဆူးတောင် ပါသော ပုရွက်ဆိတ်

ကမ္ဘောဒီးယားနိုင်ငံမှာ အတွေ့များတဲ့ ပုရွက်ဆိတ်မျိုးစိတ် တစ်မျိုး ဖြစ် ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ ငါးကဲ့သို့ ဆူးတောင် တွေ ကျောမှာ ပါဝင်နေတာကို မြင်တွေ့ ရပါတယ်။

formicine လို့ခေါ်တဲ့ ယင်း ပုရွတ်ဆိတ်များမှာ မွေးရာပါ ပါလာတဲ့ သဘာဝ လက်နက် ဖြစ်ပါတယ်။ အခြား ပုရွက်ဆိတ်များကိုလည်း တိုက်ခိုက်အနိုင် ယူလေ့ ရှိပြီး သူတို့ကို ဖမ်းယူစားသောက်ဖို့ ကြိုးစားတဲ့ အင်းဆက်နဲ့ အကောင်များကို ကျောမှာပါတဲ့ ဆူးနဲ့ တိုက်ခိုက် ပါတယ်။ 

အစုလိုက်အဖွဲ့လိုက် သွားလာလုပ်ကိုင်တတ်တဲ့ formicine များကို ဘယ်ကောင်မှ မတိုက်ခိုက် ရဲပါဘူး။ ဒါကြောင့် ဆူးတောင် ပါတဲ့ Formicine ကို အရွယ်သေးပေမယ့် အားကြီး ပုရွက်ဆိတ် စာရင်းထဲ ထည့်သွင်း ထားပါတယ်။ 
.
Ref: Melvyn
အောင်ခမ်း ( ရိုးရာလေး )
Ref: Melvyn
အောင်ခမ်း ( ရိုးရာလေး )

Friday, December 6, 2013

ထူးထွေဆန်းပြား တွေ့ရှိမှုအသစ်များ

ကမ္ဘာပေါ်မှာ နှစ်စဉ်လူပေါင်း ၁၂၅၀၀၀ ကျော်လောက်က မြွေကိုက်လို့
သေဆုံးနေကြရပါတယ်။အဲဒီထဲကမှာ လေးပုံသုံးပုံလောက်ဟာ ဆေးရုံမရောက်မီ အသက်ဆုံးကြရပါတယ်။အခုတော့ အဲဒီပြဿနာကို နှာခေါင်းဖြန်းတဲ့ ဆေးရည်(နှာခေါင်းပိတ်ခြင်း၊...အစရှိတာတွေမှာအသုံးပြုတဲ့စပရေး)ကနေ မြွေဆိပ်ကို မပျံ့နှံ့အောင်ပြုလုပ်တဲ့ နည်းကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ပါပြီ။

California Academy of Sciences and the University of California, San Francisco ကသုတေသီတွေရဲ့ အသစ်တီထွင်လိုက်တဲ့ နှာခေါင်းဖြန်းဆေးရဲ့ အမှတ်မထင်တွေ့ရှိမှုကို journal Clinical Case Reports မှာ တင်ပြထားပါတယ်။

"ကျွန်တော်တို့ဟာ ရှေးကျတဲ့ နည်းလမ်းတွေနဲ့ ခေတ်သစ်နည်းပညာတွေ ကို ပေါင်းစပ်ပြီးတော့တမူထူးခြားပြီး ဈေးနှုန်းလဲသက်သာပြီး၊သုံးစွဲရလွယ်ကူတဲ့ ဆေးတစ်မျိုးကို ထုတ်လုပ်နေပါတယ်။ဒီဆေးရဲ့ အမှတ်မထင်တွေ့ရှိ ချက်ကတော့ မြွေဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်တာပါပဲ"

Dr. Matt Lewin, Director of the Center for Exploration and Travel Health at the California Academy of Sciences သုတေသန အကြီးအကဲဖြစ်သူရဲ့ဖော်ပြချက်အရ။

အဆိပ်ဖြေဆေးတွေနဲ့ မြွေဆိပ်ဖြေတဲ့ ဆေးဝါးတွေကိုဝယ်ယူဆောင်ဖို့ဟာ အဲဒီလောက်မလွယ်ကူပါဘူး။အထူးသဖြင့် ကျေးလက်နဲ့ တောတွင်းတွေမှာ ပိုမိုဝယ်ရခက်ပြီး ဈေးလဲကြီးပါတယ်။ဒီနှာခေါင်းဖြန်းဆေးမှာ ပါဝင်တဲ့ ပစ္စည်းတွေက anticholinesterase agents ပစ္စည်းတွေ(neostigmine လိုပစ္စည်း)တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံခွင့်ပြုထားတဲ့
ဆေးတွေပါဝင်နေပါတယ်။

ဧပြီလမှာတော့ သူနဲ့သူ့အဖွဲ့ဟာ ဒီဆေးက မြွေဆိပ်ကို ဘယ်လို တုန့်ပြန်နိုင်သလဲဆိုတာကို လက်တွေ့စမ်းသပ်အောင်မြင်ခဲ့ကြပါတယ်
။စေတနာ့ဝန်ထမ်းတစ်ဦးကို မြွေပေါက်ခံပြီးမြွေဆိပ်ကြောင့် ကြွက်သားတွေ လှုပ်မရဖြစ်နေတဲ့အချိန်မှာ ဒီဆေးဖြန်းလိုက်တာကြောင့် ကြွက်သားတွေ
ပြန်လည်လှုပ်လာနိုင်ပါတယ်။

ဂျွန်လမှာတော့ မျက်နှာကို မြွေပေါက်ခံရတဲ့လူနာတစ်ယောက်ဟာ မျက်နှာနဲ့အခြားအစိတ်အပိုင်းတွေ လှုပ်မရတော့ဘဲ အကြောသေသလိုဖြစ်နေတာကို အဲဒီဆေးဖြန်းပေးလိုက်တာ မိနစ် ၃၀ အတွင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီးတော့ နှစ်ပတ်အတွင်းမှာ လူကောင်းပကတိပြန်ဖြစ်လာပါတယ်။

ပရော်ဖက်ဆာ Lewin နဲ့အဖွဲ့ဟာ အခုဆိုရင် ဒီဆေးကို ပိုမိုကောင်းမွန်အောင် စမ်းသပ်နေကြပြီးတော့ ကြွက်တွေနဲ့
စမ်းသပ်တဲ့အခါမှာလဲ မြွေကိုက်ခံရပြီးတော့ ကိုက်ခံရတဲ့နေရာအနှံ့ကို ဒီဆေးဖြန်းပေးလိုက်ပြီးတော့ ဆေးကုသရင် အကြောသေတာတွေ၊
အသက်ရှုကြပ်တာမျိုးတွေ မဖြစ်ရုံတင်မက မြွေဆိပ်ပျံ့နှံ့မှုကိုလဲ အချိန်ခဏထိန်းထားနိုင်တယ်လို့ သိရပါတယ်။

မောင်စိုင်း
(ကနောင်)

Sunday, November 24, 2013

ဂျာမနီ မှ သံလိုက်လူသား

ဂျာမနီ နိုင်ငံ မှ မိုင်ရို စလော မာဂိုလာ အမည်ရှိသူ သည် သတ္တုဖြင့် ပြုလုပ်ထားသော အရာဝတ္တု ပစ္စည်းများ ကို စိတ်စွမ်းအားဖြင့် ကိုင်တွယ် နိုင်သည့် အစွမ်းရှိ ကြောင်း သိရသည်။

Wednesday, November 13, 2013

သက်ဝင် လှုပ်ရှား​၍ ထွက်ပြေးနိုင်သော ပိုက်ဆံအိတ်

ပိုက်ဆံ အိတ်ပိုင်ရှင် သည် မလို အပ်ပဲ ပိုက်ဆံ အသုံးပြုတော့မည် ဆိုပါက သက်ဝင် လှုပ်ရှား၍ ထွက်ပြေး နိုင်သော ပိုက်ဆံ အိတ်ကို ဂျပန် ကုမ္ပဏီ တစ်ခု မှ တီထွင်ခဲ့ ကြောင်း ...

Sunday, October 13, 2013

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်



ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။ ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

အိမ့်သံစဉ် ~

Tuesday, October 8, 2013

အမေရိကန် နိုင်ငံသား တစ်ဦး ၀မ်းဗိုက် အတွင်း အလိုအလျောက် ဘီယာ ချက်နိုင်သော ရောဂါ ရနေ

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် ၌ အသက် ၆၁ နှစ် အရွယ် အမျိုးသား တစ်ဦးသည် ဘီယာ သောက်သုံးခြင်း မရှိဘဲ ၄င်း ၏ ၀မ်းဗိုက် အတွင်း အလိုအလျောက် ဘီယာ ချက်လုပ်နိုင်သော ထူးထူး ခြားခြား ရောဂါ တစ်မျိုး ရရှိနေခဲ့သည်။

by swesonemedia


ရေနဲ့ မောင်းမယ့် ကား Mercedes-Benz Ener-G-Force

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့  လုပ်ဆောင် ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Aung Kham (ရိုးရာလေး)

Monday, September 16, 2013

ခြေလေးချောင်းပါသည့် မိန်းကလေးမွေးဖွား

စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန် ၆ ဒသမ ၅ ပေါင်ရှိ မွေးကတည်းက ခြေလေးချောင်းပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွားခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကလေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာလက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



ပိန်းဇလုပ်-သိန်းညွန့်

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း