<div style='background-color: none transparent;'></div>

သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

Thursday, January 12, 2017

ညာခံနေရတဲ့နေ့တွေကိုပဲ" ည"တွေကကြည့်ပြီးရယ်နေတယ်#
"ည"တွေကုန်လွန်သွားပြန်လဲ
"ည"တွေကိုပြန်ပြန်စာလောင်နေကြရတာ...အိပ်မက်ပဲ
"ည"တွေဟာ အသက်ရှင်နေတယ်
"ည"တွေထဲ ဘဝတွေက သေနေဆဲ
"ည"တွေလို ငှက်မျိုးစေ့များနဲ့ပျံသန်းနေတဲ့ရမ္မက်တေ်ွသာပျော်လို့
"ည "တွေသာ မီးသဂြိုလ်စက်ထဲဝင်လို့/ထွက်လို့
"ည"တွေက တစ္ဆေ တွေလို အဖော်မဲ့
"ည"တွေထဲ ငြိမ်းချမ်းရေး ဆုတောင်းသံတေ်ွပြန့်လွင့်
"ည"ဟာ ကာညေးဝက်စ်ရဲ့ဖေးမတ်သီချင်းသစ်တပုဒ်လိုအဝတ်မဲ့
"ည"ဟာ...ဟင်နရီဖို့စ်ရဲ့မော်တော်ကားကိုစီးနေတုန်း
"ည"တွေထဲ မော်တော်ကားတွေက...ရှားလာ
"ည"တွေဟာ...မော်ဒန်ကျကျ ခေတ်သစ်ကိုရှာလို့
"ည"တွေဟာ....အယ်ပီကျကျ....တည်းခိုခန်းကိုတည်းလို့
"ည"တွေဟာ...နီယွန်နဲ့ လိုက်ရစ်ကိုဖျော်သောက်နေကြ
"ည"တွေကို လမ်းတွေကထမ်းထားရ
"ည"တွေကို ဖန်အိမ်မှာ သိမ်းထားကြ
"ည"တွေကို စာပေဟောပြောပွဲတွေမှာမြင်နေရ
"ည"တွေဟာ...အဝတ်စား...အခါခါလဲဝတ်လို့
"ည"တွေဟာ ခရမ်းရောင်လို့ပြင်သစ်ရဲ့ဂျူလိုင်လကပြောနေရ
"ည"တွေဟာ လာဗန်ဒါ ပန်းခင်းကြီးလို ခနတာလေးမဟုတ်
"ည"တွေဟာ အရပ်ရှည်နေတဲ့ အရပ်မျက်နှာများမှာကျည်ဖောက်နေကြ
"ည"တွေဟာ စမ်းသပ်ခန်းထဲမှာ နိုက်ထရိုဂျင်ငွေ့တွေကိုရှူနေရ
"ည"တွေက အနီးကပ်...အနီးကပ်...ရန်မူအားတွေကောင်းခဲ့ကြ
မပြီးသေးတဲ့..ဇာတ်လမ်းတွဲတွေလို
ညတွေထဲမှာ ညတွေပဲ ရယ်နေကြ
"ည"တွေဟာ ညတွေလိုဆိုးခဲ့ကြရင်း
ညတွေထဲက ငါးလောင်းပြိုင်တွေပဲမြင်ခဲ့ရ
အဲ့တာ...ညတွေထဲက...ဒေါ်ခင်ဝင်းတွေပဲ
အဲ့တာ.. .ညတွေရဲ့လက်ဆောင်ပဲ
ပြီးနောက် ပြီးနောက်
"ည"တွေက ​သြော်​လို့
အော်
နေတဲ့ ဖားကလေးကငေးလို့
အပြီးသတ်မနိုင်တဲ့လွန်ဆွဲခြင်းတွေကပြေးလို့
ဒီလိုနဲ့ 
နေ့တွေကိုပဲ ရေတွက်ကြည့်ဖို့ဆိုပြီး
မြို့တံခါးကြီးကို ဂျလက်ဖြုတ်လိုက်တဲ့အခါ
ဖယောင်းတိုင်ကို ချစ်တဲ့ နာဇီတွေလိုမျိုး
စာသင်ခန်းနဲ့/ဘုရားရင်ပြင်ပေါ်မက
ညတွေကို လူညတွေက တယုတယထမ်းသွားနေတုန်းပဲဆိုတာ။
နေဝန်းခန့်
by ကဗျာနန်းတော်

အသစ်ကြိုက်သူများ(Volume 1 - 5)

အသစ်ကြိုက်သူများ ၁

၁။မောင့်ကိုချစ်ရင် - Cartoon
၂။ကျောင်းသီချင်း - Cartoon
၃။စကားပုံထဲကအဖြစ်မျိုး - ဖြိုးသူ
၎။စွန့်လွှတ်လိုက်ပြီ - Red Energy
၅။ကိုယ်တွေ့ဖြစ်ရပ် - One Way
၆။အညာသား - Snare
၇။မင်းပေးခဲ့သော - Crab Feat အောငါ Vs အိကို

Download With Mediafire



အသစ်ကြိုက်သူများ ၂

၁။မုန်းပြီးရင်းမုန်း - Crab
၂။ထာဝစဉ် - OBG
၃။မျဉ်းပြိုင်နှစ်ကြောင်း - Force Feat နန်တောင်
၎။အသည်းကွဲဘဝမှတ်တမ်း - OBG
၅။မိုး - Crab Feat အောငါ
၆။မင်းအတွက်မှား - DNA

Download With Mediafire




အသစ်ကြိုက်သူများ ၃

၁။ပုံပြင်တစ်ခု၏ပုံရိပ် - One Way
၂။ဘဝကိုပြုပြင်ဖို့ - Crab
၃။ခေတ်ရေစီးကြောင်း - One Way
၎။အဝေးထွက်သွားသူ - ရတနာမိုင်
၅။အဖြစ်သည်းသူ - 2 Tempo feat ရေဘက္ကဝင်း
၆။ရိုးရိုးလေးပဲလွမ်းမယ် - Peace
၇။မှားယွင်းတဲ့နေ့ရက်များ - Peace

Download With Mediafire


အသစ်ကြိုက်သူများ ၎

၁။ဖြေရှင်းပေးပါ - Niggle Party
၂။မင်းလေးနဲ့တွေ့ဖို့ - Crab Feat အောငါ
၃။မေ့မရသေးဘူး - 2 Tempo
၎။ဖြစ်လား - One Way
၅။ဟိုယောင်ယောင်ဒီယောင်ယောင် - DNA
၆။လူငယ် - One Way

Download With Mediafire

အသစ်ကြိုက်သူများ ၅
၁။အရှုံး - Crab Feat အိမြန်
၂။အဆုံးအဖြတ် - ရတနာမိုင် Vs ကျော်ဇေယျ
၃။ဝေးလွှင့်သွားသော မိုးတိမ်များ
၎။နေ့စွဲများ - မြင့်မြတ် Feat ဆောင်းနှင်းကို
၅။သီချင်းရေးဖြစ်တဲ့ည - 2 Tampo
၆။ဖြစ်ရပ်မှန် - စိုးထက် Vs ညီညီ

Download With Mediafire
by mmhiphopchannel

Thursday, November 3, 2016

အချစ်(၁၅၀၀)

#ဝေး 💢ကျနော်က ကောင်းကင်မှာ
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့...၊
သူမက မြင့်မိုရ်နန်း ကတော်ဝင် သဇင်ပါ...။
#သံယောဇဉ်💢တစ်ခါတစ်လေတော့လည်း
အမှတ်မထင် ပြုံးပြဟန်တွေကို
ကျနော်စွဲလမ်းမိပါရဲ့....။
#အချစ် 💢´ပူလောင်တယ်`တဲ့ ပြောကြတာပါပဲ...၊
မကြုံဖူးတော့လည်းမသိဘူး.....
တစ်ကယ်ပါ နည်းနည်း တော့ပူတယ်...။
#လွမ်း 💢*စိတ္တဇနာမ်* တဲ့.....
ဘာဘာညာညာ အသေအချာ စ ပြီး သိတော့
အင်း....!တစ်မျိုးပဲဗျ စိတ်ထဲမှာ...။
#လောဘ💢တစ်ကယ်ပါဗျာ ကျနော့်စိတ်က
ကိုယ့်စိတ်နဲ့ နည်းနည်း အလိုမကျတော့...၊
ထင်ပါတယ်...ဒါတွေက ဖြစ်တက်ပါတယ်။
.
.
.
.
ဟာဗျာ...!!!!!
စာတွေ နည်းနည်းရှည်သွားတယ်....
တစ်ကယ်တော့ ~အချစ်~ ဆိုတာ......
👆အပေါ်ကစာတွေလိုပဲ....အဓိပ္ပါယ် မရှိဘူးထင်ရတဲ့...
အကြောင်းအရာလေးတွေပါတဲ့ "စာစု တစ်စု"..။
🍝ထမင်းဝိုင်မှာ မပါမဖြစ်မဟုတ်ပေမယ့်...
သူပါရင် ပိုမြိန်တဲ့ ဟင်းကြမ်းတစ်ခွက်....။
🎥ဘာသာစကားနားမလည်ပေမယ့်
ကြည့်လို့ကောင်းတဲ့ နိုင်ငံခြားသီချင်းMTV တစ်ပုဒ်။
🎨ဆေးရောင်စုံတွေနဲ့ အဓိပ္ပါယ်ပြည့်နေတဲ့....
စိတ္တဇ ပန်းချီကား တစ်ချပ်ပါပဲ...။
မျိုးမြတ်အောင်(မြန်မာစာ)
by ကဗျာနန်းတော်

Monday, July 11, 2016

Zalo apk နဲ့ဖုန်းဘေရှာနည်း

code = ZJ2736
မသိသေတဲ့ သူငယ်ချင်းတွေလုပ်နည်းလေးသိရအောင် တင်ပေးလိုက်ပါတယ်
http://zalo.com.mm/eventမှာ apk ကို ဒေါင်းလိုက်ပါ
ပြီးရင်ပုံပါအတိုင်း လုပ်ဆောင်ပါ
အကောင့် စဖွင့်တာနဲ့ ၁၅၀ရပါမယ်
နောက်ထပ်ကိုယ်ပိုင်ကုဒ်ကို သူငယ်ချင်းတစ်ယောက်ကို ထပ်ပေးရင် ၄၅၀ရပါမယ်

ပေးနေတုန်းမြန်မြန်ယူထားကြနော်..






*Gambling*

BTC စုနေတဲ့သူတွေတရက်တည်းမရင်းဘဲ များများရနိုင်ပါတယ်
free BTC ကို 0.01ပေးထားပါတယ်
0.5ဆိုထုတ်လို့ရပါပီ
အရမ်းဆော့လို့ကောင်းပီး BTC ရလွယ်တဲ့ ဂိမ်းဆိုက်လေးပါ ကိုယ့်အရင်းထဲကပါအောင်လောဘမကြီးပါနဲ့
သူပေးတဲ့free btcလေးနဲ့ များများထုတ်နိုင်အောင်ကြိုးစားပါ
စမ်းကြည့်ပါအရင်းမရှိပါဘူး
https://pocketdice.io/?r=29acec5545

ဖုန်းဘေမကုန်ပဲ auto မိုင်းတူးပေးတဲ့ site

ဖုန်းဘေမကုန်Auto မိုင်းတူးပေးနေတဲ့ site လေး
အောက်က link လေးကနေဝင်

https://hash-line.com/site/partner/51414

sign up လုပ်
1 GHs free ပေးထားတယ်
Start mining လုပ်

GHs များများရမှ BTC ကို start mining လုပ် ဒါဆို BTC တက်တာမြန်တယ်

Deposit သမားတွေက အချိန်စောင့်စရာမလို
0.0001 BTC ကစပီ လုပ်နိုင်ပါတယ်

0.02 BTC ရရင် ထုတ် ဘာမှလုပ်စရာမလို

bitcoin ရှာနိုင်တဲ့ ဂိမ်း

အတုံးလေးတွေထပ်ရင်း တစ်နာရီကို satoshi 100000 ထိရနိုင်ပါတယ်။
satoshi 20000 ပြည့်တဲ့အကောင့်တွေဆို တနင်္ဂနွေနေ့တိုင်း (မြန်မာစံတော်ချိန် တနင်္လာမနက် ၆ နာရီတိုင်း) wallet ထဲကို auto လွှဲပေးပါတယ်။
အောက်ကလင့်ကနေ apk လေးတွေကို down ပြီး ကစားနိုင်ပါတယ်။
http://www.bitcoingameapps.com/track.php?ref=1478346


Saturday, April 16, 2016

ချစ်သူအတွက်

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေ
မင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ.မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်
by zawmyolatt

မပြောင်းလဲသောအချစ်

မပြောင်းလဲသောအချစ်
ကောင်မလေးရေ.....
ငါမင်းကို သိပ်ချစ်တယ်ဆိုတာ
ဘယ်သူမှ မသိခဲ့ရင်တောင်
မင်းကိုယ်တိုင်တော့
အသိဆုံးဖြစ်မှာပါ။
ကောင်မလေး----------
မင်းက ငါ့အနားမှာ
ငါမဟုတ်တဲ့
နောက်တစ်ယောက်နဲ့
ပျော်နေခဲ့ရင်တောင်
ငါမင့်ကို မုန်းလို့မရခဲ့ဘူး။
ကောင်မလေး.......
အချစ်ဆိုတာကို
မင်းဘယ်လို အဓိပ္ပါယ်ဖွင့်မှာလဲ?
ငါကတော့
အချစ်ဆိုတာ
ငါမပိုင်ဆိုင်ရရင်တောင်
မင်းပျော်မယ်ဆိုရင်
အရာအားလုံးကို
စွန့်လွှတ်ပေးလိုက်တာ
ငါ့ရဲ့မင့်အပေါ်ထားရှိခဲ့တဲ့
စစ်မှန်တဲ့ အချစ်တစ်ခုလို့
ငါထင်တယ်။
ဒါကြောင့်
မင်ငါ့အနားမှာ ရှိသည်ဖြစ်စေ
မရှိတော့ဘူးဖြစ်စေ
မင့်ကို
မပြောင်းလဲတဲ့ အချစ်နဲ့
ဆက်ချစ်နေအုံးမှာပါ
ကောင်မလေးရယ်..
by zawmyolatt

Saturday, February 13, 2016

ဗိုလ်ချုပ်ကဗျာ

ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေးနေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျည်ရည်ဖြိုင်လို့ ဘ၀င်ငြိုး
ဇူလိုင်တဆယ့်ကိုး
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား.........

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ကဗျာ

ငါ့အား....... ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊ ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊ အရှုံးမပေးလိုသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်တွင်းသို. ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်လှုပ် ၊ မငိုကြွေး ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို.ဖြင့် ရဲရဲနီနေ၏ သို.သော် ညွှတ်ကား ၊ မညွှတ် ။ လောဘ ၊ ဒေါသ တို.၏ ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။ သို.ပင်မူ ငါ့အား မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ.ရပေအံ့

Friday, December 4, 2015

"မီးတောက် ကျိန်စာ"

အန္ဓတကောင်ရဲ့ မီးအိမ်မက်ထဲ
နက္ခတ်လွဲခဲ့တဲ့ ကြယ်နီတွေ ..
ဝူး ဝူး ဝါး ဝါး...
ပျံ ဝဲနေကြတယ်...

အက်တန်တွေ ပြိုကွဲ...
ပျံ့ကြဲ နေတဲ့ ကြယ်မှုန်တွေကိုစုပြီး
ညီမ လေးခေါင်းပေါ် ခရေပန်းကုံးလေး
သီ ပေး မိတယ်..
စင်္ကြာဝဋာ ကျိန်စာ မိပြန်ရော
စုန်း ကိုက်ထားတဲ့ ပန်းသီးတလုံး
အမှောင်ထက် မိုက်တဲ့ ည
တခြမ်း ပဲ့ နေတဲ့ လအက္ခရာ
လာခြင်းမကောင်းတဲ့ ငါ
အပြန် လမ်းလည်း စိုးစိတ်ကြေမွ
ငါ့ က လူရာ မဝင်ဆန့်တဲ့
လူ...(ဟုတ်ကဲ့_)
နုတ်ဆက်ပါတယ်...
စကားလေး သုံးလုံး
လုံ လုံ ခြုံ ခြုံ ထုပ်သိမ်း
ချစ်ခြင်းနဲ့ ခပ်စိမ်းစိမ်း နေ့စွဲများ
အိမ်ပြန်တိုင်း သစ်ရွက်ကြွေတဲ့ လမ်း
အစိမ်းရောင်တွေ လွှမ်းနေတယ်..
လွတ်မြောက်ခွင့် ပေးပါ အိမ့်ဖြူ ရယ်...
တကိုယ်စာ တပ်ဆင်မိတဲ့ လွမ်းခြေချင်းစုံမှာ
ပန်းတော ကလေညှင်း တမှုံတာနဲ့
အနာဂတ် ကို ရွက်ချ...
ဘဝရဲ့ လမိုက် ညများစွာ
သက်ဆိုးရှည်ကြဦးတော့မယ်..
လွမ်းတယ်...ကွယ်
------------------------------------------------------
မိုပြာ(လွင့် ဝေး အိမ်)
by ကဗျာနန်းတော်

ဝေးလို့ မရတဲ့ ချစ်သူများ

********************(စုပေါင်းကဗျာ)
ရေကိုဓားနဲ့ဖြတ် ပြတ်မလား..
အကြားမထင် သံယောဇဉ်မှာတင်တဲ့လွန်း
ဝင်ရိုးစွန်းတန်းများ..ကမ္ဘာခြားလဲ..
အသွေးသား မှာသူ့ စိတ်နဲ့လွမ်း
တမ်းတကြေကွဲ..လွမ်းနေဆဲမေ..
............................................မိုးပြာ(ကဗျာချစ်သူ)

ယုံကြည်ပါတယ်ချစ်သူ
ငါသတိရတဲ့အချိန်တိုင်း နင်လဲလွမ်းနေမယ်ဆိုတာ ရေမြေခြားနေပေမဲ့ တစ်ယောက်အတွေးထဲကို တစ်ယောက်ကစိုးမိုးထားလေရဲ့
မိုးကုတ်စက်ဝိုင်း အဆုံး..
စကြ၀ဠာ ရဲ့အပြင်ဘက်အထိ
ငါတို့နှစ်ယောက်ရဲ့အချစ်တွေုဖြန့်ကျက်ထားခဲ့တယ်
စိတ်မပူနဲ့ချစ်သူ
ငါကလေ မင်းနဲ့ဆိုရင်
အတွေးထဲမှာတောင် မဝေးရဲ့တဲ့သူပါကွယ်...
..............................................ရာဟုမလေး
လေပြေသွေးရုံနဲ့
အနေဝေးသလို...ရင်တုန်မိပါရဲ့ကွယ်။
သူ၏ ငါ၏ ခွဲခြားခြင်းသီအိုရီမှာ
ချစ်ခြင်းလင်္ကာမပါခဲ့ဘူး။
မုတ်သုန်တစ်ချက်ရဲ့အလင်းမှာ
နီးခြင်းဝေးခြင်းဆိုတာ
ပဝါပါးရဲ့လှည့်စားခြင်းသာသာ...။
ညမှနေ့...နေ့မှည
ရွေ့ကျလာတဲ့ကာလအား
သူမ၏စကားတို့ဖြင့်တွန်းလှန်အံ့။
ပရမတ္တညီတဲ့ပါရမီအရ
ချစ်သူဆိုတာ
ကြီးမားတဲ့သဘာဝ.သံလိုက်စက်ကွင်းထဲက
လူတွေပါကွယ်...။
................................ချစ်တတ်သူ(အလင်း)
ချစ်သူရယ်
ဝေးရမယ်အတွေး တွေးတောင်မတွေးရဲဘူး...
ချစ်ခဲ့ပြီးမှတော့ 
ဘယ်လိုခွဲရက်မလဲကွယ်...
ရင်ခွင်မှာ စိုက်မိတဲ့မြား
ဘယ်လိုအင်အားနဲ့နှုတ်လို့ 
ဘယ်ပုံနဲ့မေ့ ရက်ပါ့မလဲ...
စစ်မရောက်ခင်မြားကုန်နေတဲ့
တို့ နှစ်ယောက်ဘဝ
ဝေးသွားမှာစိုးထိတ်မိတယ်
ချစ်ရသောသူရယ်...
အော်...ချစ်ရတဲ့မောင်ရယ်...
...................................သန္တာ ညီညီ(ရွှေဘို)
အသွားထက်ပါစေ
ငါမမှုတော့ဘူး ချစ်သူ
တို့နှစ်ဦးကြားကသံယောစဉ်
ဘယ်သူဖြတ်လို့မှ
ပြတ်မည်မထင်
အသည်းရာဇဝင်မှာ
ကဗျည်းထိုးတင်ခဲ့ပြီ
မိုင်ချီဝေးပါစေ
ရင်ဘတ်ချင်းနီးခဲ့ပြီ
........................................ခက်ရှား
ထပ်တူကြတဲ့ စိတ်နှစ်ခု
ပေါင်းစပ်ခြင်းဟာ
အနီးအဝေး မိုင်တိုင်တွေမလို
သစ္စာမိုင်တိုင်တွေနဲ့
ခရီးနှင်ရင်.......
အဝေးဆိုတာ ပြေးခွာရှောင်မယ်
နှုတ်တစ်ရာစာတစ်လုံးပေမှို့
ကတိစကားရင်ဝယ်ထားက
တို့အချစ်တွေက
ဝေးလို့မရပါဘူး။
....................................‪#‎မြန်မာမလေး‬
အိပ်မက်လိုခရီး
ဒီသံသရာကြီးထဲ
စိတ်ရှိတိုင်းသာ
ပုံပြင်တွေလိုချစ်ကြမယ်ဆို
တို့်သတ္တိရှိဖို့တော့လိုတယ် ချစ်သူ
တို့အတူတူ ရင်ခုန်သံတွေ နရီမှန်နေသမျှ
ဘယ်အရာကမှမဝေးစေရဘူး
ကြယ်မစုံ လမိုက်နေပါစေ
ပူပြင်းလောင်မြိုက်နေရတောင်
တို့အတူတူရှိနေသမျှ
ကန္တာရလည်း ပန်းပွင့်စေမည် ။
...........................................ဆည်းဆာနီ
ချစ်သူ
နင်နဲ့ငါ့ရဲ့ ချစ်ခြင်းနဲ့တည်ဆောက်ထားတဲ့
သံယောဇဉ်
ဘယ်နတ်ဆိုးက မှဖျက်လို့မရဘူး
မှော်အတတ်နဲ့ဘယ်လောက်ပိတ်လှောင်ထားပါစေ
ငါတို့ရဲ့ သစ္စာနဲ့ ရုန်းထွက် နိုင်ခဲ့တယ်နော် …။
ဘယ်အရာက မှ
ငါတို့ကို ဝေးကွာအောင်မလုပ်နိုင်ပါဘူး
နင်နဲ့ငါ တစ်သားတည်းဖြစ်နေတဲ့အတွက်
ငါ့တို့ချစ်ခြင်း အလင်္ကာက
အမြဲတမ်း လှပ နေမှာ ပါ ချစ်သူ။
.................................သက်နှင်းချို(နှမတော်)
--------------------------------(မိုးပြာ-စုစည်းတင်ပြပါသည်။)
by ကဗျာနန်းတော်

ခရေပန်းခြောက်လေးကို တယုတယ ထုပ်သိမ်းထားတဲ့ အချစ်မျိုးနဲ့ ချစ်တယ် မေ..

မတွေ့ရတဲ့ ရက်တွေကြာခဲ့ပါပြီ..မနှင်းဆီ
ဘာ...တခုမှ မပြောင်းလဲဘူး။
မနှင်းဆီရေ...
နုတ်ကတဖွဖွ ရွတ်မိတဲ့ ညတိုင်း
...ကဗျာဆန်နေဆဲပါပဲ

အရင်နေရာမှာ..အရင်လို စကားသံတွေ
ကိုယ့် အိပ်စက် နိုးထခြင်း...
ကိုယ့် ပင့်သက် လှိုက်မောခြင်း..
ကိုယ့် အိမ့်မက် အရိပ်အရောင်များရဲ့ နတ်မိမယ်
ဘာ...တခုမှ မပြောင်းလဲဘူး။
သူ့ကိုကြည့်ရင် ကိုယ့်ကိုမြင်တယ်
ကိုယ့်ကိုကြည့်ရင် သူ့အရိပ်..
...ရင်ထဲက စိတ်..
ပိတ်ထားတဲ့ အခန်းငယ်လေး။
နှစ်ကိုယ့်တစ်စိတ်အတူနီးဖို့
အိမ်မက်တွေ အရင့်အမာကြီးနဲ့
ကိုယ်ပုခုံးမှာမှ
....သူမအိမ်မက်တွေ
....ပွင့်ဖူးစေချင်တဲ့သူ
ဆောင်းမီးဖိုလေး..နွေလေပြေညှင်း
လမ်းသွားရင်းလည်း ပြုံးတတ်ခဲ့ပြီ။
ဆောင်းညချမ်းချမ်း..လကွေးကွေး
သူမကဗျာလေးနွေးထွေးဖို့
ရင်ထဲက သော့ခတ်...
အခန်းနံပါတ် ၁၅၀၀ မှာ..
အိမ်မက်လှလှ မက်ပါစေကွယ်
မေ့ မရလေသော နေ့ည များ...
အလွှာပါးပါး လေး ကာရံထားတဲ့
နှလုံးသား နံရံ အနား
မနှင်းဆီ နားလေးကပ်...
ကြားရဲ့ လားမနှင်းဆီလေး
နှလုံးသားက တေးသွားဆိုတာ
ရင်ခုန်သံ ညီမျှနားဝင်ပီယံလှပ
ချစ်သူတွေမှ...ကြားရသတဲ့
ညစဉ် ညတိုင်း ကြယ်ကြွေပုံပြင်နဲ့
နေမဝင် တဲ့ ချစ်ခြင်းတွေ...
ကြားရဲ့လား မနှင်းဆီလေး
မနှင်းဆီရေ...
နုတ်ကတဖွဖွ ရွတ်မိတဲ့ ညတိုင်း ကဗျာဆန်နေဆဲပါ။
လွင့် ဝေး အိမ် (မိုးပြာ)
by ကဗျာနန်းတော်