<div style='background-color: none transparent;'></div>

Friday, May 24, 2013

နားလည်ရခက်သောခေါင်းပြတ်ကြီး

အန်တီမိုးဟာ ကျွန့်တော်ဦးလေးနဲ့မရခင်က ကလောမြို့ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှ ကြီးပြင်းလာတာပါ …. သူမဟာ ငယ်စဉ်က 10နှစ် သမီးအရွယ် လောက်မှာ ဖခင်ဆုံးပါးသွားတဲ့အတွက် .. သူမ အမေ နှင့် မောင် သာကျန်ခဲ့ပါတယ် … သူမအဘွားကတော့သူမအိမ်နဲ့ 2 လမ်းကျော်မှာ နေထိုင်ပါတယ် .. အဘွားဆီိကို သွားရင် 20 မိနစ်လောက်လမ်းလျှောက်သွားရပါတယ် … ဒီထက်အမြန်သွားချင်ရင်တော့ သူမအိမ်နဲ့ အဘွားအိမ်ကြားမှာ .. ခြံစည်းရိုးတစ်ခု .. လယ်ကွက်တစ်ကွက် နဲ့ ရထားလမ်းတစ်ခုတာခြားပါတယ် ….ဒါပေမယ့်  .. အဘွားဟာဒီိလိုအနောက်ဘက်ဖြတ်လမ်းက လာတာကိုမကြိုက်ပါဘူး ..ဘာဖြစ်လို့လဲဆိုရင် .. သူမအဘွားဟာငယ်ငယ် တုန်းက ဒီလမ်းထဲမှာဆော့ကစားရင်းနဲ့ဆိုးဆိုးဝါးဝါး သရဲအခြောက်ခံရဘူးလို့ပါပဲ … ဒါကြောင့်အဘွားဟာ သူ့လိုအဖြစ်မျိုးမကြုံအောင်လို့ အမြဲဒီလမ်းကမသွားဖို့ သတိပေးတယ် … ခြိမ်းခြောက်တယ် .. သူမကတော့ စိတ်ထဲမှာတော့ အဘွားမို့အဲ့ဒီ သူရဲကိုကြောက်တာပေါ့ သူတာဆိုရင်ပြန်ချပစ်လိုက်ပြီ .. နဘန်းဖက်လုံးပစ်လိုက်ပြီလို့ .. အဘွားဟာ အခန့်သင့်တိုင်း ဒီအကြောင်းကို ပဲပြောပြောနေလို့ သူမဟာတော်တော်လေးကိုနားရည်ဝပြီး အလွတ်တောင်ရနေပြီ .. ဒါကြောင့် အဘွားဟာ အခန့်သင့်လို့ပြောမယ်ကြံ တိုင်းသူမဟာ အဘွားပြောမယ့်ဟာကို ရှေ့ကနေကြိုပြီပြောနေလို့ .. နောက်ပိုင်းအဘွားဟာ ဒီအကြောင်းကိုလုံးဝမဟတော့ပါဘူး …. တစ်နေ့တော့ သူမရဲ့ အမေဟာ သူ့ညီမကလေးမွေးပြီးမလုပ်တတ်မကိုင်တတ်တဲ့ အတွက်သွားကူလုပ်ပေးဖို့ သွားတယ် .. မသွားခင် မှာသူမကို ကျောင်းကပြန်လာပြီး ကျောင်းစာလုပ်ဖို့ … သူမမောင်လေး ဘောလုံးကန်ပြီးပြန်လာရင် အဘွားအိမ်သွားပြီး ..ညစာသွားစားဖို့ .. ပြီးတော့ သူပြန်မလာခင်ထိစောင့်ဖို့ မှာခဲ့တယ် … သူမဟာ သူမအမေပြောတဲ့အတိုင်းကျောင်းကပြန်လာတာနဲ့ ရည်းစားစာဖတ်တယ် … နောက်သူ့မောင်ပြန်မလာသေးတာနဲ့ မီးဖိုခန်းထဲဝင် လူမရှိတုန်း အပြီတွယ်ဖို့ ပြင်တော့တာပေါ့ … နောက်သူမ နွားနို့နဲ့မုန့်နဲ့ အုပ်ပြီးစာဖတ်ရင်း မှေးခနဲ အိပ်ပျော်သွားတယ် …. သူမနိုးထလာတော့ မှောင်စတော်တာ် ပျိုးနေပြီဆိုတော့ ထမင်းစားခန်းတစ်ခန်းလုံး နီးပါးမှောင်နေပြီ … နောက်သူမတစ်ယောက်ထဲ အိမ်ကြီးထဲမှာတစ်ယောက်တည်းအိပ်ပျော်သွားတာကိုသတိထားမိတယ် .. သတိရရခြင်းပဲ သူ့မောင်ကိုအော်ခေါ်ကြည့်တယ် .. ပြန်ထူးသံမကြားတာနဲ့ ဒီကောင်အဘွားအိမ်တန်းသွားလိုက်တယ်ထင်တယ် လို့တွေး ပြီး စိတ်ထဲမှာ .. မအေးဘေး လေးလို့ဆဲလိုက်တယ် … ထားလိုက်ပါပြသာနာမရှိဘူး… သူမဟာတစ်အိမ်လုံးမီးတွေလိုက်ဖွင့်တယ် .. နောက်သူမနောက်ဘေးမီးဖွင့်နေတုန်း ကားဂိုထောင်နောက်ဘက် အိမ်လေးဆီက သူ့မနာမည်ခေါ်သံကြားလိုက်ရတယ် … သြော် … လက်စသတ်တော့ ငါ့မောင်ကဒီရောက်နေတယ်ထင်တယ် လို့ တွေးပြီး … ငါ့မောင်ရေ လာပါပြီဟလို့ပြောပြီး တံခါးကိုဆွဲဖွင့်လိုက်တယ် ….. ဆွဲလဲ ဖွင့်လိုက်ရော .. အထဲမှာ ဘယ်သူမှမရှိဘူး … သူနဲနဲ တော့စဉ်းစားရကြပ်သွားတယ် .. နောက်ငါစိတ်ထင်လို့ဖြစ်မှာပါတွေးပြီး .. အိမ်ပေါ်ပြန်တက်ပြီး အဘွားဆီဖုန်းဆက်လိုက်တယ် …. သေချာတာပေါ့ … ဟိုမအေဘေးလေး ကအဘွားအိမ်ကြိုရောက်နေပြီ …. အဘွားကပြောတော့ ဘောလုံးကန်ပြီး ငါ့ဆီတန်းဝင်လာတာလို့ပြောတယ် .. အင်းဟုတ်သားပဲ … အမေမှာခဲ့တုန်းက ဒီမအေဘေးလေး ကအနားမှာမှမရှိတာအဘွားက ‘ တံခါးတွေပိတ်ပြီး မြန်မြန်လာခဲ့တော့ ဒီမှာထမင်းစားဖို့အဆင်သင့်
ဖြစ်နေပြီ … ‘ ဟုတ်လာပြီ အဘွား …….. နောက်သူမတံခါးတွေအားလုံးကိုပိတ်လိုက်တယ် .. သူမတော်တော်လေးကို လည်း
ဗိုက်ဆာနေပြီ … နောက် 20 မိနစ်လောက်လမ်းလည်းလျှောက်ချင်စိတ်မရှိဘူး .. နောက်သူမဆုံးဖြတ်လိုက်တယ် … အိမ်နောက်ဘက်ဖြတ်လမ်းကသွားကြည့်မယ်ဆိုပြီး … ခြံစည်းကိုကျော်လိုက်တယ် … လွယ်လွယ်ကူကူပဲကျော်နိုင်ခဲ့တယ် ..အမှောင်ကလည်း တော်တော်လေးဖုံးလွှမ်းလာပြီ … ဒါပေမယ့် .. သူမဘာကိုမှကြောက်ရမယ်မှန်းလည်းမတွေးထားဘူး … စိတ်ထဲမှာဗိုက်ဆာနေတာပဲ သိတယ် ..ရုပ်တရတ် သူမရှေ့ကနေပြီး အမှောင်ရိပ်ကြီးတစ်ခု သူမဆီကိုတန်းတန်းမတ်မတ်လာနေတာကို တွေ့လိုက်ရတယ် .. သူမစိတ်တွေခြောက်ခြားသွားတယ် … နှလုံးခုံသံတွေမြန်လာတယ် … ဒိတ်ဒိတ်ဒိတ်ဒိတ်နဲ့ ကယောင်ခြောက်ခြားအတွေးတွေ ၀င်လာပြီး သူမအတွေးထဲ တော်တော်လေးကိုခြောက်ခြားလာတယ် ….သူမဘေးဘီကိုဝှေ့ကြည့်လိုက်တယ် …. သူမဆက်သွားဖို့သတ္တိတွေပျောက်ဆုံးကုန်တယ် … ရှေ့ကခြံစည်းရိုး
ကြီးဘေးကလမ်းအတိုင်းသွားလိုက်ရင် သူမအဘွားအိမ်နောက်ကိုရောက်ပြီဆိုတာသိတယ် .. သူမတွေဝေနေတုန်း .. အရိပ်ကြီးက သူမနဲ့ နီးသထက်နီးလာပြီး သူမအပေါ်အုပ်မိုးကြလာပြီ … သူမကြောက်အားလန့်အားနဲ့ တစ်ချိုးတည်းလစ်ပြေးတော့တာပဲ …
ကြောက်ကြောက်နဲ့ ပြေးလိုက်တာပြေးရင်းနဲ့ လမ်းမှား နေ မှန်းသိလိုက်တယ် ..သူမနောက်ပြန်လည်းမလှည့်ရဲဘူး .. အဲဒီမှာ သူမရှေ့မှာ အလုံးကြီးတစ်လုံး ကောင်းကင်ကိုပြန်တက်သွားတယ် .. နောက်သူမှဆီပြန်ဝဲလာတယ် … နောက်သူမနားသေချာကပ်လာတော့ မြင်လိုက်ရတာက ခေါင်းပြတ်ကြီး ..အား …………. သူမငယ်သံပါအောင်အော်လိုက်တယ် …. နောက်ခေါင်းပြတ်ကြီးပါးစပ်ထဲမှာလည်း .. မွေးကင်းစကလေးလေးကိုကိုက်ထားတယ် …. သူမကြောက်လွန်းလို့ .. ငယ်သံပါအောင်အော်တယ် … ရှုးရှုးတွေလဲထွက်လို့ပေါ့ ..ဒါပေမယ့် … လည်ချောင်းထဲမှာ တစ်ခုခုတစ်ဆို့နေသလို ဘာသံမှထွက်မလားဘူး ..အဲ့ဒါနဲ့ မှန်ချိုငါးလုံးလောက်ထုပ်သောက်ပြီး .. ပြန်အော်မယ်လို့ အကြည့်မှာ .. ခေါင်းပြတ်ကြိးက ထူးထူးဆန်းဆန်း နေရာတစ်ခုကိုညွန်ပြနေသလို လုပ်ပြနေတယ် ..သူမလှမ်းကြည့်လိုက်တော့ သူမအဘွားအိမ်နောက်ဘက်ခြံစည်းရိုးကို လှမ်းတွေ့လိုက်ရတယ် … သူလည်း ခေါင်းပြတ်ကြီးကို ကျေးဇူးတင်သွားပြီ . အနားမှာ ၀ါးလုံးတစ်လုံးတွေ့တာ နဲ့ ရိုက်ချပြီး .. kiss တစ်ချက်ပေးပြီ .. အားရ၀မ်းသာစွာ အဘွားအိမ်ကို သုတ်ခြေတင်ပြေးတော့တာပဲ …. သူမအိမ်ထဲလည်းရောက်ရော အဘွားကဖုန်းကိုင်ပြီး ငိုနေတာကိုတွေ့တယ် .. နောက်သူမအဘွားဟာ Tissue နဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး … ၀မ်းနည်းတဲ့လေသံနဲ့ .. သူမကိုလှည့်ပြီး ပြောလိုက်တယ် … နင့်ဒေါ်ရဲ့ကလေး အခုလေးတင်ဆုံးပြီးတဲ့ .. သူမ
ကြားကြားခြင်းတော်တော်လေးကို တုန်လှုပ်သွားတယ် .. သူအစောက
တွေ့ကြုံခဲ့တာနဲ့ တိုက်ဆိုင်ေ်နသလို စိတ်ထဲမှာခံစားလိုက်ရတယ် … ဒီအကြောင်းကိုသူမ အဘွားရော .. အမေရောဆုံးတဲ့အထိပါ ဘယ်သူကိုမှမပြောခဲ့ဘူး  .. နောက်သူမအလေးတွေရတဲ့အခါ ကြမှကလေးတွေ အဲ့ဒီနေရာမှာ သွားမဆော့မိဖို့ သူမကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို အခန့်သင့်တိုင်းပြောပြနေတယ်ခဲ့တယ် …
by mysuboo

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...