<div style='background-color: none transparent;'></div>

Friday, May 17, 2013

စိတ်ကူးယဉ်ပျော်စရာကမ္ဘာ

ငေးကြည့်ခွင့်လေးရှိတာနဲ့ရင်

ငါနှလုံးခုန်သံက မြန်ဆန်နေတာ

ငါအတွက်ဆိုတာ ငါမတွေး

နင်လိုအပ်ချက်တွေကို ဖြည့်ဆီးပေးချင်တာကို

အချစ်လို့ငါခေါင်းစဉ်တပ်ရမလားသူငယ်ချင်း

သူငယ်ချင်းဆိုတဲ့ အသိစိတ်နဲ့

ငါရဲ့ရင်ခုန်သံတွေ ငါကိုယ်တိုင်းမသိနားမလည်သလို့နေနေခဲ့တာ

ရက် ၊ လ ၊ နှစ်တွေ လည်းကြာပါပြီ

မင်းတို့ကဘာတွေလဲလို့ တခြားသူတွေငါကိုယ့်မေးတိုင်း

ငါနုတ်ခမ်းတွေက အကြိမ်ကြိမ်ဆွံအ

ငါပြောချင်တာကတမျိုး ငါဖြေလိုက်ရတာကတမျိုး

တကယ်ဆိုရင် ရင်မှာတိတ်တခိုးလေးသူငယ်ချင်းကိုချစ်နေမိတဲ့ငါ

ညညဆိုတာ က ငါရဲ့ စိတ်ကူးယဉ်ပျော်စရာကမ္ဘာ............။ ။

လက်ျာ(နွေနှင်းဆီ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...