အပင်ထွက် အစားအစာတွေမှာ အာဟာရဖြစ်တဲ့ Micronutrient ပေါင်း ၁၀ဝ ကျော်လောက် ပါဝင်ပါတယ်။ အဲဒီ Micronutrient တွေဟာ အဆီလောင် ကျွမ်းမှု မြင့်တက်စေတာ၊ ဆာလောင်မှု ကို လျော့နည်းစေတာ ဒါမှမဟုတ် တစ် ကြိမ်တည်းမှာ နှစ်မျိုးစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်တတ်ပါတယ်။ အဆီကို သိုလှောင် တဲ့ဟော်မုန်း ထုတ်လုပ်မှုလည်း လျော့ နည်းစေတတ်ကာ ပိုလျှံတဲ့ ကယ်လိုရီစုပ် ယူမှုကိုလည်း ကာကွယ်ပေးထားတယ် လို့ ဆိုပါတယ်။ Angiogenesis Inhibitor လို့ခေါ်တဲ့ အဆီဆဲလ်ကို ပေးပို့တဲ့ သွေးကြောတွေကို ပိတ်ပင်နိုင်တဲ့ အာဟာ ရဓာတ်လည်း ပါဝင်တာမို့ အဆီဆဲလ် တွေဟာလည်း ရှုံ့တွသွားနိုင်ပါတယ်။ အသားနဲ့ ဒိန်ခဲလိုမျိုး တိရစ္ဆာန်မှ ရရှိတဲ့ အစားအစာတွေမှာလည်း အပင် မှာ တွေ့ရှိရတဲ့ Micronutrient တွေ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ သင်ဟာ Micronutrient တွေ ပိုရလေလေ၊ ကိုယ် အလေးချိန် ကျဆင်းလေလေလို့ အာဟာ အသား ဒါမှမဟုတ် ချိစ့်ကို မစားသင့်တာ မဟုတ်ပါဘူး။ အပင်ထွက် အစားအစာ တွေကို ၉၀ ရာခိုင်နှုန်း စားရမယ်လို့ အကြံပေးထားတာပါလို့ ဆိုပါတယ်။ အပင်ထွက် အစားအစာ စားရင်လည်း သင် စားလိုက်တဲ့ အစာတိုင်းကနေ အာဟာ ရတွေကို အပြည့်အဝရရှိစေဖို့အတွက် ပြုပြင်ထားတဲ့အစာတွေကို မစားသင့်ပါ ဘူး။ ဒေါက်တာ Oz က G-BOMBS ဆိုတဲ့ အစာကို ထွင်ပေးထားလိုက်ပါတယ်။ Green, Berries, Onions, Mushrooms, Beans and seeds လို့ခေါ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ဘယ်ရီ သီး၊ ကြက်သွန်နီ၊ မှို၊ ပဲအမျိုးမျိုးနဲ့ အစေ့ အဆန်တွေကို စားသုံးခိုင်းတာပါ။ သင် ကိုယ်အလေးချိန် ကျဆင်းလိုရင် ဒီအစာ တွေမှာ Micronutrient တွေ အများအပြား ပါဝင်တာမို့ သင့်အတွက် အံ့ဩဖွယ်ကောင်းလောက်အောင် ကိုယ် အလေးချိန် ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။
By Good Health










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...