<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

ကလေးများ၏ ပန်းနာ ရင်ကျပ် ရောဂါ

ပန်းနာ ရင်ကျပ် ဆိုတာ နာမည်ကို ကြားရုံနဲ့ မိဘများ လန့်ဖျပ် သွားလေ့ ရှိကြတဲ့ ရောဂါပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးများရဲ့ Asthma လို့ခေါ်တဲ့ ရင်ကျပ်ရောဂါကို လူတိုင်းလိုလို ရင်းနှီးပြီး သိရှိနေလို့ပဲ ဖြစ်ပါတယ်။
အဓိက လက္ခဏာ အနေနဲ့ ကတော့ ခဏခဏ ရင်ကျပ်တတ်တာ ပါပဲ။ လူကြီးလို မောနေတာထက်၊ ကလေးတွေ ရင်ကျပ်ပြီဆိုရင် ချောင်း ဆက်တိုက် ဆိုးလာတော့ တာပါပဲ။ ပြီးမှ မောလာမယ်။ တချို့ကလည်း တရွှီရွှီနဲ့ အသံမြည်အောင် ကျပ်တော့တာပါပဲ။
ရောဂါကိုတော့ အသေးစိတ် မေးမြန်းခြင်းဖြင့် Diagnosis ရ နိုင်တယ်။ အေးတဲ့ အချိန်၊ အစား မှားတဲ့အချိန်၊ မတည့်တာ ရှူမိတဲ့ အချိန်၊ ရုတ်တရက် ဖြစ်လေ့ရှိပါတယ်။ ညဘက်မှာ ထဖြစ်လေ့ ရှိပါ တယ်။ မိဘများကတော့ ပိုပြီး သတိပြုမိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခဏခဏကြီးကို ရုတ်တရက် ချောင်းဆက် တိုက်ဆိုးပြီး၊ ရင်ကျပ် မောလာကာ တရွှီရွှီမြည်တဲ့ အထိ ဖြစ်လေ့ ရှိတာကိုသိထားတော့ ဘာဖြစ်လို့ ဖြစ်ရတယ်၊ ဘာနဲ့တွဲပြီး ဖြစ်လေ့ ရှိတယ် ဆိုတာ အထိ သိနေ ကြလို့ပါပဲ။
အဲဒီကလေး တွေမှာလည်း မိဘမျိုးရိုး၊ မိသားစုထဲမှာ ဆိုရင် တော့ Asthma လို့ခေါ်တဲ့ရင်ကျပ်ရောဂါ (သို့) Allergic Rhinitis and Atopy လို့ခေါ်တဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ရောဂါတွေ ရှိနေတတ်လို့ပါပဲ။
ရင်ကျပ်ကလေးများရဲ့ အဓိကပေါ်လွင်ထင်ရှားတဲ့ လက္ခဏာ ကတော့ Exercises Indueed Asthma လို့ခေါ်တဲ့ အရမ်း ကစားရင်းက ချောင်းဆက် တိုက်ဆိုးပြီး ရင်ကျပ်လာတာပါပဲ။
ဒါဆိုရင်တော့ Childhood Asthma သေချာသလောက်ဖြစ်ပြီပေါ့။
ပျောက်ကင်းနိုင်ပါ့မလား ?
ရောဂါအနုအရင့် (severity) ပေါ်မူတည်ပြီး တိကျတဲ့ ကုထုံး တွေနဲ့ ဆိုရင်တော့ ခဏခဏ ရင်မကျပ်အောင် ထိန်းထားရင်းနဲ့ တဖြည်း ဖြည်းချင်း သက်သာပျောက်ကင်းနိုင်ပါတယ်။
ဒါပေမဲ့ သေချာစွာ ကုသမှုကို မလိုက်နာရင်တော့ အရေးပေါ် ရင်ကျပ် လက္ခဏာတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး၊ မလိုလားအပ်တဲ့ အသက် ဆုံးရှုံးမှု တွေဖြစ်နိုင်တယ်။ ဒါ့အပြင် ခဏခဏ ကျပ်နေရင်တော့ အဆုတ် ကို ထိခိုက်လာနိုင်ပြီး မပျောက်နိုင်ဘဲ ပန်းနာရင်ကျပ် ရောဂါအဖြစ် အသက်ကြီးတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီကလေး အတွက် Poor Quality of Life ဖြစ်လာနိုင်တယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါကို ကြောက်ဖို့မလိုဘဲ၊ စောစီးစွာသိရှိပြီး သက်ဆိုင်ရာ သမားတော်ကြီးများနဲ့ ကုသမှု ခံယူကာ ညွှန်ကြားချက် များကို စိတ်ရှည်စွာနဲ့ လိုက်နာပေးဖို့လိုအပ်ကြောင်း အကြံပြုလိုက် ပါတယ်။
Drစန္ဒာမြင့် (ကလေး အထူးကု ဆရာဝန်)
The Forum post is edited by လပ်ကီး မတ် 6 '12

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...