<div style='background-color: none transparent;'></div>

Wednesday, May 22, 2013

အပယ်ခံနှလုံးသားရဲ့ ပေါက်ကွဲသံ

အမြင်မှားတာလား
အမှားမြင်တာလားတော့မသိဘူး
သေချာတာတော့
ရင်မှာခါးလာတာပဲ
သံသယမြူခိုးတွေ
အုံ့ ဆိုင်းလာတော့
နှလုံးသားကောင်းကင်ကြီးလည်း
မလှပနိုင်တော့ဘူး...
စေတနာအမှားတွေပါလို့ 
ခေါင်းစဉ်မတပ်နဲ့ 
ရင်မှာအထားအသိုမတတ်တော့
ခံရခက်တယ်
ရင်ဘတ်ထဲက
သံယောဇဉ်နဲ့ ချစ်ခြင်းတရား
စကားတစ်လုံးနဲ့ အဆုံးသတ်ဖို့ 
လွယ်ကူရအောင်
နှလုံးသားက
ကစားစရာမဟုတ်ဘူး...ချစ်သူ...

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...