<div style='background-color: none transparent;'></div>

Friday, May 17, 2013

အသီးအနှံရည်းစားစာ

ချစ်သူ
သင်္ဘောသီးလို အတင်းရောပြီး လိမ္မော်သီးလိုအချိန်မတော်ကြီးပြောတယ်မထင်ပါနဲ့။ မရမ်းသီးလို အရမ်းကြီးလှပြီး ပန်းသီးလို အလန်းကြီးလန်းနေတဲ့မင်းကို ဖရဲသီးလို အစွဲကြီးစွဲနေမိပါပြီ။ ရှောက်ချိုသီးလို လျှောက်ပိုပြီးပြောနေတာမဟုတ်ရပါဘူး။ မင်းရဲ့အလှကိုကြည့်ရင်းကိုယ့်ရင်ထဲမှာ ဆီးသီးလို မီးကြီးတောက်လောင်နေလို့ လိုင်ချီးသီးလို ထိုင်ပြီးငြီးနေမိတာအခါခါပဲ။ တခါတလေများ မင်းကိုယ့်ကို အုန်းသီးလိုပြုံးပြီး ကြည့်လိုက်တဲ့အခါ ကိုယ့်ြေ့ခလှမ်းတွေဟာ ရှောက်သီးလို မြောက်ပြီး မြေနဲ့မထိဖြစ်မိပါတယ်။ ဒါတွေကို အဖြေရှာကြည့်လိုက်တော့ မင်းကို ကိုယ်ငရုတ်သီးလို အဟုတ်ကြီးချစ်မိနေမှန်းသိလိုက်ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် မင်းနဲ့ကိုယ်နဲ့ သံပုရာသီးလို အဖန်တစ်ရာ နီးချင်လှပါရဲ့။ နှင်းသီးလို အတင်းကြီးလိုက်ပြောနေတယ်မထင်နဲ့နော်။ ငှက်ပျောသီးလို အပြောကြီးတယ်ပဲဆိုဆို ထောပတ်သီးလို လောဘ(တ်)ကြီးချင်မိတာတော့အမှန်ပါပဲကွာ။ ကိုယ်ဟာ သြဇာသီးလို အပြောသာ ကြီးတာ မဟုတ်ပါဘူး ထန်းသီးလိုလည်း အရမ်းကြီးချစ်တတ်ပါတယ်။ မင်းကများ ကိုယ့်ကို ဖန်ခါသီးလို အကြံများပြီး မင်းဂွတ်သီးလို အတင်းဇွတ်ကြီးငြင်းလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ဘ၀ဟာ ဒူးရင်းသီးလိုဆူးခင်းကြီးထဲမှာ မက်မန်းသီးလို တသက်လွမ်းပြီးအထီးကျန်နေရပါလိမ့်မယ်ကွာ။ ဒီတော့ သခွားမွှေးလို တအားအတွေးများမနေပါနဲ့တော့။ ဂွေးသီးလိုလည်း (အဲ အဲ ) တွေးပြီးပူမနေပါနဲ့။ ကိုယ့်ကို စပျစ်သီးလို အချစ်ကြီးပြန်ချစ်လိုက်ပါနော်။ မင်းကိုကိုယ်သခွားသီးလို တအားကြီးချစ်ပြပါ့မယ်လို့အာမခံပါတယ်ကွာ။

မင်းကိုအရမ်းချစ်တဲ့ ဆန်းကစ် :P



by facebook page

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...