<div style='background-color: none transparent;'></div>

Friday, May 17, 2013

မလိုချင်တဲ့အဆီတွေ

Slim Body လေးတွေကိုမှ လှတယ်လို့ ထင်မြင်ယူဆ ကြတဲ့ ယနေ့ခေတ်ကြီးမှာ ဘယ်သူမှ ဝချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အစားအသောက် တွေကို မဆင်ခြင်ဘဲ စားသောက်မိရာက ဗိုက်ထွက် လာတာ၊ ပေါင်ရင်းတွေ တုတ်လာတာ၊ လက်မောင်း ကြီးတွေ တုတ်လာတာကို တွေ့လာရမှာပါ။ ဗိုက်ပူရင် အင်္ကျီကျပ်ကျပ် ဝတ်ရင် ကြည့်ရဆိုးတယ်။ ပေါင်ရင်း တွေတုတ်ရင် ဘောင်းဘီတွေ ဝတ်တဲ့အခါ ကြည့် မကောင်းဘူး။ လက်မောင်းမှာ အဆီတွေစုပြီး တုတ် နေရင် လက်ပြတ်အင်္ကျီ ဝတ်တဲ့အခါမှာ ကြည့်လို့ မလှပါဘူး။ ဒီလိုလူတွေ အတွက် အဆီချနည်း တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအဆီချနည်းကို ပြုလုပ်နိုင်တဲ့ နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်၊ ယောမင်းကြီးလမ်း၊ အမှတ် ၆၂/အေမှာရှိတဲ့ Face Life Skin Beauty (ဖုန်း- ၂၅၄၉၅၇၊ ဝ၉ ၂၀၃၄၇၄၆) မှာဖြစ်ပါတယ်။ သူတို့ဆီမှာ ပြုလုပ်ပေးတာ ကတော့
- ပထမဆုံး အဆီချလိုတဲ့ နေရာကို သန့်ရှင်းရေး လုပ်ပေးပါတယ်။
- ပြီးတော့ အဆီချတဲ့ အဆီကိုလိမ်းပြီး လက်နဲ့ နှိပ်ပေးပါတယ်။
- လက်နဲ့ နှိပ်ပြီးရင် အဆီချပေးတဲ့ ကိရိယာလေးနဲ့ ထပ်ပြီး ချေပေးပါတယ်။ အဲဒီ ၂ ခုကို မိနစ် ၂၀လောက် ကြာအောင်ပြုလုပ်ပေး ပါတယ်။
- အဲဒီနောက် ပလတ်စတစ်နဲ့ ပတ်ပေးပါတယ်။
- အဲဒီအပေါ်မှာ အဆီချတဲ့စက် ကိရိယာကို ထပ်ပတ်ပြီး စက်နဲ့ အဆီ ချပေးပါတယ်။ မိနစ် ၃၀ လောက် ကြာပါတယ်။
- ပြီးတော့ ဆေးတွေကို တစ်သျှူး နဲ့ သုတ်ပေးပါတယ်။
- နောက်ဆုံးမှာ အသားကျစ်စေတဲ့ ဆေးကို လိမ်းပေးလိုက်ပါတယ်။
ဒီလိုလုပ်ပြီးရင်တော့ အိမ်မှာ ဗိုက်ချပ်အင်္ကျီ ဝတ်ပေးရပါတယ်။ ပြီးတော့ ညစာကိုတော့ လျှော့စားရပါတယ်။ ဒီနည်းနဲ့အဆီချတာကို အဆီတွေ စုတတ်တဲ့ ဝမ်းဗိုက်၊ ပေါင်၊ လက်မောင်းရင်း၊ ခါးစတဲ့ မိမိ ပြုလုပ်လိုသည့် အစိတ်အပိုင်းကို ပြုလုပ်နိုင်ပါတယ်။ Face Life မှာ ဒီလိုအဆီချရင် ရက် ၃၀ နေ့တိုင်းပြုလုပ်ပေးရတယ်လို့ သိရပါတယ်။ ဒီလို ၁၀ ရက်ဆက်တိုက် ပြုလုပ်ရုံနဲ့ အဆီက သိသိသာသာ ကျသွားတယ်လို့လည်း ပြောပါတယ်။


By Health Digest

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...