နယူး အော်လင်းမှာ ကျင်းပ ခဲ့တဲ့ အမေရိကန် ဦးနှောက် နှင့် အာရုံ ကြော ရောဂါ အကယ် ဒမီရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြခဲ့တဲ့ လေ့လာ မှုအသစ်တစ်ခုအရ ညအချိန်မှာ မကြာခဏနိုးလေ့ရှိတဲ့ အအိပ်ဆတ်သူ များဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင် ချေ မြင့်မားကြောင်း သိရပါတယ်။ သုတေသီများဟာ အသက် ၄၈ နှစ် မှ ၈၀ နှစ်အတွင်း လူ ၁၀ဝ ဦးကို ညအိပ်ချိန်မှာ သူတို့ရဲ့ အိပ်စက်မှု ပုံစံ Sleep Patterns ကို တိုင်းတာ တဲ့ စက်ကိရိယာလေးတပ်ဆင်ထား ခဲ့ပါတယ်။ အဲဒီအခါ ဒီလူတွေထဲက ၄ ပုံ ၁ ပုံလောက်မှာ Amyloid Plaques လို့ခေါ်တဲ့ ပရိုတင်း အစု အဝေးတစ်မျိုးကို တွေ့ရှိခဲ့ရပါတယ်။ Amyloid Plaques ပရိုတင်းဟာ ဦး နှောက်နဲ့ အာရုံကြောကလာပ်စည်း ကြားက ဆက်သွယ်မှုတွေကို ပျက်စီး စေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွား မှုနှင့်လည်း ဆက်စပ်နေပါတယ်။ တစ်နာရီအတွင်းမှာ ၅ ကြိမ်နှင့် အထက် နိုးသူများနှင့် အိပ်ရာထဲမှာ နေတဲ့အချိန်ရဲ့ ၈၅ ရာခိုင်နှုန်းထက် နည်းပြီး အိပ်ပျော်သူတွေမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်လေ့ရှိသူတွေ ထက် Amyloid Plaques ပိုပြီးရှိနေ တာကိုတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။
Ref : Internet
Ref : Internet










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...