<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

အမျိုးသမီးများ၌ အရည်ရွှမ်းသော သစ်သီးများ စားသုံးခြင်းက လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်


အရည်ရွှမ်းသော သစ်သီးများ၌ ပါဝင်သောဓာတ်ပေါင်း တစ်မျိုးက အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနတစ်ရပ်အရ သိရှိရသည်ဟု အမေရိကန် ပြည်ထောင်စု နှလုံးရောဂါဆိုင်ရာ အဖွဲ့အစည်း၏ ဂျာနယ်က ဖေဖော်ဝါရီလ ၂၃ ရက် နေ့တွင်ဖော်ပြသည်။ ယခုတွေ့ရှိချက်သည် Flavonoid ဓာတ်ပေါင်း အမျိုးအစားများနှင့် လေဖြတ်ခြင်း တို့အကြား ဆက်နွှယ်ချက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဖော်ထုတ်နိုင်ခဲ့ခြင်း လည်းဖြစ်သည်။ အဆိုပါ Flavonoid ဓာတ်များသည် အရည်ရွှမ်းသောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ချောကလက်နက်များနှင့် ဝိုင်အနီတို့၌ ပါဝင်သည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...