<div style='background-color: none transparent;'></div>

Wednesday, May 22, 2013

“ကိုယ်၌မှ တစ်ပါး..”

သင်သည်…..
နေမင်းကြီး လောကပေါ် ထွန်းလင်းသော အချိန်၌
နေ့စဉ်တွေ့ရသော  ပါတ်ဝန်းကျင်၏ မမျှတမှုများကို
တွေ့မြဲတွေ့ရလိမ့်မည် ဖြစ်သော်လည်း,,,,,,,
သင်,,,,,,,
ဘယ်အရာကိုမျှ  ဘာမျှမပြောဘဲ
မသိသလို လျစ်လှူရှု့၍  မျှမျှတတ နေလိုက်ပါ…..။

သင်သည်….
ဓမ္မပျက်နေသော ဘ၀၏ ညည်းငွေ့မှုများကို
ပင်ကို ရင့်ကျက်သောအသိတရားနှင့် ရှုံ့ချချင်သော်လည်း…..
ပုံပြမမှန်တတ်သော  ဖြစ်ပျက်များအတွက် ,,,,,,
သင် ,,,,,,,,,,
စိုးစဉ်းမျှ မငြူစူ၍
နားလည်လက်ခံပေးလိုက်ပါ…….။

သင့်ကို…..
သင်နားလည်ပေးခဲ့သော သူများမှ
လက်ခံနိုင်စရာ လုံးဝမရှိသော စကားနှင့်
အားမနားပ စော်ကားခဲ့သည် ဖြစ်သော်လည်း…..
သင် ,,,,,,,,,
လောကတွင် မည်သည့်အရာမျှမမြဲကြောင်းသိသော နားနှင့်
သူတို့ပြောစကားကို နားထောင်ပေးလိုက်ပါ…..။

သင့်ကို…..
ရံဖန်ရံခါ နားမလည်နိုင်စရာ ကိုယ်ကျင့်တရားက
ပျှော်ရှင်မှုနှင့် ချမ်းသာခြင်းအတွက် ,,,,,,,
ရိုးသားခြင်းကို ချောက်ကမ္ဘားအတွင်း ထိုးချနေသော်လည်း….
သင် ,,,,,,,,
မက်မောစရာကောင်းသော ပျှော်ရွှင်မှု နှင့် ချမ်းသာခြင်းကို
အများအတွက် ပေးဆပ်၍
ကိုယ်ကျင့်တရားပျက်ခြင်းကို ယူဆောင်ကာ
ရိုးသားခြင်းကိုခေါ်ဆောင်၍ ချောက်ကမ္ဘားအတွင်းသို့
ပြုံးရွှင်စွာ ခုန်ဆင်းလိုက်ပါ…..။
လောက၌ သင်လျှောက်သော   လမ်းတွင်…..
ပန်းများပွင့်သည်  ရှိပါစေ……..
နေနေရသော သင့်ဘ၀ အချိန်များ၌
မူသေ မရှိသော မျက်နှာများကိုတွေ့ပါစေ………
ပေးဆပ်ခဲ့ သမျှသော  သင်၏  ကိစ္စရပ်တိုင်းသည်
တစို့တစိမျှ  ရည်ရွယ်ရာ ပျောက်ခဲ့သည် ရှိပါစေ……..
,,,,,,,,,,,,,,,,,,
သင့် ,,,,,,,,
ခြေလှန်းတို့ကိုသာ  သွားရမယ့်လမ်းထက်  ဂရုစိုက်၍
ငါ ,,,,,,,,
သူတစ်ပါး ,,,,,,,,
ယောကျာင်္း ,,,,,,,,
မိန်းမ ,,,,,,,,
ပုဂ္ဂိုလ် ,,,,,,,,
သတ္တ၀ါ ,,,,,,,,
မေတ္တာ.. ဂရုဏာ.. မုဒိတာ..ဥပက္ခာ ၊
သင်္ခါရနှင့် ဖြစ်ပျက်ကို လက်ခံပြီး……
ထွက်သက်ချုပ်ငြိမ်းချိန်တွင်,,,,,,,
သင်မသိနိုင်သော  လမ်းတစ်ခုအား…
“ကိုယ်၌မှ တစ်ပါး..”  အခြား မပြုပါလေနှင့်…..။                                            ။



0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...