<div style='background-color: none transparent;'></div>

Wednesday, May 22, 2013

မရည်ရွယ်ဘူး

မင်းကိုငါ စိတ်စွဲလွန်းတာမှန်ပေမယ့်
ငါ့စကားလုံးတိုင်းက မင်းကိုမရည်စူးခဲ့ပါဘူး။
အခြေအနေတူခဲ့လို့ ဆင်တူယိုးမှားခံစားချက်ဖြစ်ချိန်
ငါ့စကားလုံးတွေက မင်းစိတ်ကိုနာကျင်စေလိမ့်မယ်။
ငါ့ကဗျာတွေက မင်းအနာကိုဆွကောင်းဆွမယ်။
ငါကိုယ်တိုင်နာကျင်လို့ ဖိတ်ကျလာတဲ့စကားလုံးတွေဟာ
မင်းနှလုံးသားကို ဖိတ်စင်ခဲ့မယ်ဆိုရင်တော့
ချစ်သူရယ်…………
မင်းနာကျင်ဖို့ ငါတကယ်မရည်ရွယ်ခဲ့ပါဘူး။
ဇူဇူးစံ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...