<div style='background-color: none transparent;'></div>

Friday, May 17, 2013

ရင်ခုန်မှုသံစဉ်

ရင်ခုန်မှုသံစဉ်
********

အေ၇ာင်အဆင်းမကွဲပြားခဲ့ဘဲ
နှလုံးသားဂစ်တာနဲ့ တီးခတ်လိုက်တဲ့
အချစ်သံစဉ်တပုဒ်ကို
ချစ်တတ်သူသာလျှင်နားဆင်
ခံစားတတ်လိမ့်မည်။

ငါသည်ချစ်တတ်သူဖြစ်၏
ထိုနည်းတူစွာ
ငါသည်အရိပ်ကိုပုံဖော်ချင်ခဲ့သူဖြစ်၏

ငါသည်ပန်းချီကားတစ်ချပ်ကို
အသက်ဝင်စေခဲ့ချင်ခဲ့သူဖြစ်၏

ငါသည်လွမ်းခန်းမရှိတဲ့
ပုံပြင်တပုဒ်ကိုဖန်တီးချင်ခဲ့သူဖြစ်၏

ငါသည်လမင်းကိုဆွတ်ခူုးချင်ခဲ့သူဖြစ်၏
ငါသည်လမင်းရဲ့နံဘေးအရံကြယ်ပွင့်လေးဖြစ်ချင်ခဲ့သူဖြစ်၏
အချစ်မှာမျက်စိမရှိဘူးဆိုသလို
ငါသည်လူတယောက်ကိုအရောင်အဆင်းမကွဲပြားဘဲချစ်ခဲ့မိသူဖြစ်လေ၏


ဒဏ္ဍာရီ(နွေနှင်းဆီ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...