သို့သော် လက်ဖက်ရည်ကြိုက်သူ များအနေဖြင့် အလားတူအကျိုးကျေး ဇူးများမရရှိနိုင်ကြောင်း သိပ္ပံပညာ ရှင်များက လေ့လာတွေ့ရှိခဲ့သည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လူ ၄၀ဝ၀ဝ ကျော် အူမကြီးကင်ဆာခံစားနေရ သည်။
ရောဂါ၏ အစောပိုင်းသတိ ပေးလက္ခဏာများကို ဝေဒနာရှင်အ များစုလျစ်လျူရှုတတ်ခြင်း၊ ကင်ဆာ နောက်ဆုံးအဆင့် ရောက်ရှိမှသာ ဆေးဝါးကုသမှု ခံယူခြင်း စသည့် အချက် များကြောင့် သေဆုံးသူဦးရေ မှာလည်း တစ်နှစ်လျှင် ၁၆၀ဝ၀ခန့် ရှိနေသည်။ အဆီများပြီး အနီရောင် အသားများစားခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်းစသည် တို့သည် အူမကြီး ကင်ဆာဖြစ်ပွားစေခဲ့သည့် အဓိက အချက်များတွင် ပါဝင်သည်။
ယခု နောက်ဆုံးလေ့လာမှုတွင် မာရီလင်း ပြည်နယ်US National Cancer Institute မှ သုတေသီများက အမျိုး သားနှင့် အမျိုးသမီး ၄၉၀ဝ၀ဝ နီးပါးကို လေ့လာခဲ့ပြီး သူတို့၏ပုံ မှန်စားသောက်မှု အလေ့အထများကို အသေးစိတ်မှတ်တမ်းတင်ခဲ့ကြသ လို ကော်ဖီသောက်သူနှင့်မသောက် သူများအကြား အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကိုလည်း နှိုင်းယှဉ်ကြည့် ခဲ့ကြသည်။
ယင်းနောက် တစ်နေ့ ကော်ဖီ ၄ခွက်မှ ၅ခွက်သောက်သူ များမှာ ရောဂါဖြစ်နိုင်ချေ သိသိ သာသာကျဆင်းသွားကြောင်း တွေ့ ရှိခဲ့ပြီး နောက်ဆုံးထုတ် Clinical Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြ သည်။ သို့သော် တစ်နေ့ကော်ဖီ ၆ခွက်သောက်ခြင်းသည် အကျိုးအ များဆုံးဖြစ်ကြောင်း၊ အူမကြီးကင် ဆာဖြစ်နိုင်ချေ ၄၀ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း သုတေသီ များက ပြောကြားခဲ့သည်။
ယခင် လေ့လာမှု များတွင် တစ်နေ့ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ၅ခွက် သောက်သူများသည် ဦးနှောက်ကင် ဆာဖြစ်ပွားနှုန်းကို ၄၀ရာခိုင်နှုန်းခန့် ကျဆင်းစေကြောင်း ဖော်ပြခဲ့သည်။ ၄င်းပြင် တစ်နေ့ကော်ဖီတစ်ခွက် သောက်လျှင်တောင် ခံတွင်းနှင့်အစာ ပြွန်ကင်ဆာများ ဖြစ်ပွားမှုကို ထက် ဝက်ခန့် လျှော့ချနိုင်ကြောင်း ဂျပန် သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။
သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီး များအနေဖြင့် တစ်နေ့လျှင် ကဖိန်း ဓာတ် ၂၀ဝ မီလီဂရမ်ခန့်သာ ရရှိ သင့်ကြောင်း အမျိုးသားကျန်းမာ ရေးဝန်ဆောင်မှု ဌာန NHS ကသတိ ပေးခဲ့သည်။
By First Music News










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...