အမျိုးသား များဟာ အမျိုး သမီး များထက် ပျမ်းမျှ လူ့ သက်တမ်း ပိုတို ပါတယ်။ ယခုအခါ အမျိုးသားနဲ့ အမျိုးသမီးကြားက သက်တမ်းကွာခြား မှု လျော့နည်းလာပြီး အမျိုးသားများ သက်တမ်းပိုရှည်လာကြပေမယ့် အမျိုး သားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆေးလိပ်နှင့် အရက် ပိုသောက်ကြပြီး အမျိုးသမီး များလောက် မကြာခဏ ကျန်းမာရေး စစ်ဆေးမှုတွေလည်း မခံယူကြပါဘူး။ အချို့အမျိုးသားတွေဟာ အလုပ်ထဲမှာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားတတ်လို့ စိတ်ဖိစီးမှုကို များစေတယ်။ ဆီးကျိတ် ကင်ဆာနဲ့ တက်စ်တိုစတီရုန်း ပမာဏ ကျဆင်းခြင်းလိုမျိုး အမျိုးသားများ သီးသန့်ခံစားရတဲ့ ရောဂါများကလည်း ရှိပါသေးတယ်။ အမျိုးသားတွေ ရင်ဆိုင် ခံစားရလေ့ရှိတဲ့ အဓိက ကျန်းမာရေးအ္တရာယ် အခွင့်အလမ်း များ (ဥပမာ-အူမကြီးကင်ဆာ၊ နှလုံး ရောဂါ) ဟာ ကာကွယ်နိုင်ပြီး စောစီး စွာရောဂါရှာဖွေတွေ့ရှိလျှင် ကုသနိုင် ပါတယ်။ အရေးကြီးတာကတော့ အမျိုးသားများဟာ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုနှင့် ပုံရိပ်ဖော် စမ်းသပ်ခြင်း များကို မှန်မှန်ပြုလုပ်ပေးဖို့ပါပဲ။ Ref : Internet










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...