<div style='background-color: none transparent;'></div>

Sunday, May 19, 2013

သက်လတ်ပိုင်း အရွယ်တွင် ကျန်းမာ ဖို့လို


သက်လတ်ပိုင်း အရွယ်တွင် ကျန်းမာ ဖို့လိုအသက် ၃၀၊ ၄၀၊ ၅၀ နှစ် အရွယ်များတွင် ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်အောင် နေထိုင်ခြင်းသည် ဘဝ သက်တမ်းကို ဆွဲဆန့် သလိုဖြစ်စေ ရုံသာမက ကျန်းမာပြီး နာတာရှည် ရောဂါ ဖြစ်ပွားခံစားရမှု ကင်းစင်သော သက်ကြီးရွယ်အိုဖြစ်နိုင်ဖို့ အခွင့် အလမ်းများစေကြောင်း အမေရိကန် သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ရာစုနှစ်ပေါင်းများစွာကြာ နှလုံးနှင့် အဆုတ်အင်္ဂါများ ကျန်းမာခြင်းဟာ အသက်သေဆုံးနိုင်ခြေကို လျော့နည်း စေတယ်လို့ တွေ့ရှိထားခဲ့ပါတယ်။ အသက်ကြီးတဲ့အခါ ခံစားရတဲ့ နာတာ ရှည်ရောဂါများကို ခန္ဓာကိုယ်ကြံ့ခိုင် ခြင်းက ဘယ်လောက်ထိ အကျိုး သက်ရောက်နိုင်သလဲဆိုတာကိုတော့ မသိရှိခဲ့ကြကြောင်း သိရှိရပါတယ်။ ယခုတော့ လူလတ်ပိုင်း အရွယ်များ တွင် ကျန်းမာရေးလိုက်စားပြီး ခန္ဓာ ကိုယ်ကြံ့ခိုင်ခြင်းဟာ အသက်ကြီး လာတဲ့အခါမှာ ခံစားရနိုင်တဲ့ နာတာ ကို လျော့နည်းသွားစေကြောင်း သက်သေပြနိုင်ခဲ့ကြပါတယ်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...