<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

ချစ်ဦးသူသို့

ငါ့ဘ၀မှာ......
အရမ်းချစ်ပြီး  မြတ်နိုးရသူ
မင်းတစ်ယောက်က
ငါ့အချစ်ကို မညှာမတာ
ရက်စက်စွာ ကြိမ်ကြိမ်ခါခါ
မချစ်နိုင်ဘူး မုန်းတယ်ပြောလည်း
မေ့မရဘဲ သတိရသူ
နှလုံးသားကို မျှဝေခံစား
နားလည်ပေးပါ ချစ်ရသူရယ်......
ငါချစ်ရသူ မြတ်နိုးသူက
ငါ့ရဲ့ရှေ့မှာ တခြားသူနဲ့
တွဲနေရင်လည်း အပြစ်မမြင်ဘဲ
ခွင့်လွှတ်နိုင်တဲ့  ငါ့ဖြစ်အင်ကို
စာနာပေးပါ  ချစ်ရသူရယ်.........
သြော်......ဒါပေမဲ့လည်း
ပြောပြချင်တယ် ချစ်ရသူရယ်
ငါ့ရဲ့ချစ်ခြင်း  မြတ်နိုးခြင်းကို
မတုံပြန်ချင်နေပါ
အသိအမှတ်တော့ပြုပေးပါ
တောင်းပန်ပါတယ် ချစ်ရသူရယ်.....
                      Writen by
                         ဆောင်းနှင်း

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...