<div style='background-color: none transparent;'></div>

Sunday, May 19, 2013

ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေရန်


ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေရန်တချို့ အသက်ကြီးရင် သူငယ် ပြန်တတ် သူတွေကို ကာကွယ်လို့ မရပေမယ့်
မိမိရဲ့ ဘဝနေထိုင်မှု ပုံစံကို အောက်ပါအတိုင်း ဦးနှောက် ကျန်းမာရေး ကောင်းစေတဲ့ အကျင့်တွေ ပြုလုပ်ပေးတာကြောင့် လူအများစု အနေနဲ့ သူငယ်ပြန်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

-ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားပါ။ အဝလွန်တာကြောင့် သူငယ်ပြန်နိုင်ခြေ များပါတယ်။
- အိုမီဂါ- ၃ အပါအဝင် ဦးနှောက်ကျန်းမာရေး ကောင်းစေတဲ့ အစားအစာနဲ့ အားဖြည့်ဆေး မှီဝဲပါ။ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ထားနိုင်လို့ပါ။
- ညစဉ်ညတိုင်း အိပ်ရေးဝအောင် အိပ်ပါ။
- မိတ်ဆွေအပေါင်းသင်း များအောင်နေပါ။ မိသားစု၊ သူငယ်ချင်းနဲ့ အမြဲတမ်း ဆက်သွယ်မှုရှိပါစေ။
- သင်ကြားမှု အသစ်တွေကို သင်ယူပါ။ ဥပမာအားဖြင့် အစာစားရင် တခြားလက်တစ်ဖက်နဲ့ စားနိုင်အောင် သင်ထားပါ။
- အေရိုးဗစ် လေ့ကျင့်ခန်းကို တစ်ကြိမ် မိနစ် ၃၀ နှုန်းနဲ့ အနည်းဆုံး တစ်ပတ်လေးကြိမ် ပြုလုပ်ပါ။
ဒေါက်တာခင်မိုးမိုး



By Commerce Journal

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...