<div style='background-color: none transparent;'></div>

Friday, May 17, 2013

*ခိုဝင်လှမ်းခဲ့ပါ*

ကံကြမ္မာရဲ့မျက်ကွယ်ပြုခြင်းကို
ငါအလူးအလဲခံစားနေရပြီ
ခွဲခွာနေရတဲ့အချိန်မှာ
ငါ့ကိုသတိရနေမှာလား................
ဒါမှမဟုတ်.....မေ့ဖျောက်ကာထားလို့
တစ်ခြားတစ်ယောက်ရဲ့ရင်ခွင်သစ်ဆီကို
ခိုဝင်နားဖို့အတွက်မင်းနှလုံးသားက
အရောင်ပြောင်းလဲဖို့အတွက်
ပြင်ဆင်နေပြီလား................
ပြောင်းလဲခြင်းကသဘာဝဆိုပေမယ့်
ငါ့နှလုံးသားကတော့
မပြောင်းလဲတဲ့ အစိုင်အခဲ
ယိုင်လဲမသွားဘဲ ခိုင်မြဲတဲ့သစ္စာနဲ့
ထာဝရအဆုံးထိဆက်လို့
ချစ်နေမယ်ဆိုတာကိုတော့
ယုံကြည်ထားပေးပါ...................
ဝေးကွာနေတဲ့အချိန်မှာ
ငါ့ရင်ထဲမှာအလွမ်းတွေကြောင့်
ပူလောင်နေကာ...........
အေးမြတဲ့လေပြေလေးနဲ့အတူ
ငါ့ရင်ခွင်ထဲကိုခိုဝင်လှမ်းခဲ့ပ

မာန(နွေနျင်းဆီ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...