အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လူစွန့်စားတစ်ဦးသည် ဝေဟင်မှ မြေပြင်ကို လေထီးအစား ထီးတစ်လက်နှင့် ဆင်းသက်ပြသခဲ့သည်။ လူစွန့်စား ဂျွန်ကီအီရာခ်ရိုနာသည် ပေထောင်နှင့်ချီ၍ မြင့်မားသော တောင်ထိပ်ပေါ်မှ အထူးစီမံပြုလုပ်ထားသော ထီးတစ်လက်နှင့် မြေပြင်သို့ဆင်းသက် ပြသွားခဲ့သည်။ အဆိုပါထီးသည် အပူချိန်နှင့် လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် အထူးစီမံပြုလုပ်ထားသော်လည်း လေထုထဲတွင် ပြင်းထန်သော လေဖိအားဒဏ်ကို အလူးအလဲခံခဲ့ရကြောင်း မြေပြင်သို့သက်ဆင်းခဲ့ ပြီးနောက်ပိုင်း ဂျွန်ကီက ၎င်းအားလာရောက် အားပေးသော ပရိသတ်များကို ပြောကြားသွားခဲ့သည်။by swesonemedia
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...