<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

နှာချေချင် တာကို ရပ်တန့်အောင်

နှာချေ လိုက်တာ ဟာ ကျန်းမာရေး အတွက် ကောင်းပါ တယ်။ သင့်ကို ဖျားနာ စေနိုင်တဲ့ နှာခေါင်းအတွင်းရောက်နေ တဲ့ ပိုးမွှားတွေကို ရှင်းထုတ်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ စည်း ဝေးပွဲလို၊ မိတ်ဆုံစားပွဲလိုမျိုး လူရှေ့၊ သူရှေ့ရောက်နေချိန်မှာ နှာချေချင်ရင်တော့ အောက်ပါအတိုင်းပြုလုပ်ကြည့်ပါ။
၁) လေကို ကြာကြာရှူသွင်း ရှူထုတ်လုပ်ပါ
လေကို ကြာကြာရှူသွင်းပြီး စိတ်ထဲက ၁၀ မှ ၁ သို့ နောက် ပြန်ရေတွက်ကာ အသက်ခေတ္တအောင့်ထားပါ။ ဒီလို လုပ်တာ ကြောင့် အလိုအလျောက်တုံ့ပြန်တဲ့ အာရုံကြောစနစ် နှေးကွေး သွားပြီး နှာချေချင်စိတ် ပျောက်ကင်းသွားနိုင်ပါတယ်။
၂) နှာခေါင်းအောက်နေရာကို နှိပ်ပါ
သင့်လက်ညှိုးနဲ့ လက်ခလယ်ကို အပေါ်နှုတ်ခမ်းအထက်နေရာမှာ ထားပြီး နှာချေချင်တဲ့စိတ် ပျောက် ကင်းသွားတဲ့အထိ ဖိနှိပ်ပေးပါ။ နှာ ချေအောင် လှုံ့ဆော်တဲ့ အာရုံကြော တွေအပေါ်ဖိထားမိတဲ့အတွက် နှာ ချေတာ ပျောက်ကင်းသွားပါလိမ့် မယ်။


By Good Health

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...