<div style='background-color: none transparent;'></div>

Friday, May 17, 2013

်နေသားကျနေပါပြီ

ခဏတာမြင်ခွင့်ရလိုက်တဲ့
ဖြူစင်တဲ့မင်းလေးရဲ့ပုံလေးကို
ကိုယ့်နှလုံးသားကသူ့အလိုလို
ပုံတူပန်းချီကားရေးဆွဲနေကာ
ကိုယ့်နှလုံးသားရဲ့ဧည့်ခန်းထက်မှာ
မင်းရဲ့ပုံလေးတွေပြည့်နှက်လို့နေတယ်
ခဏလေးဘဲ ကိုယ့်နှလုံးသားထဲကို
ဝင်ရောက်လာပေးပါ့လား................
ကိုယ်မသေခင်မင်းကိုမြင်တွေ့စေချင်လို့ပါလို့
ကိုယ်ပြောချင်ပေမယ့်လည်း
မျိုသိပ်ကာတိတ်တခိုးလေးနဲ့ဘဲ
ချစ်လို့နေခဲ့တယ်..................
မင်းချစ်သူနဲ့ဝေးကွာနေလို့
မင်းလွမ်းနေပြီလား
ခံနိုင်ရည်ရှိဖို့အတွက်အားအင်တေ
မွေးထားပါနော် လို့ဘဲကိုယ်ပြောနိုင်တယ်
မင်းစိတ်မချမ်းသာတဲ့အခါ
ကိုယ့်နှလုံးသားလည်းသိပ်မကျန်းမာခဲ့ဘူး
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မင်းချစ်သူနဲ့ပြန်ဆုံတွေ့မှာပါ
သိပ်ပြီးတော့မခံစားပါနဲ့..ချစ်ရသူရယ်
ကိုယ်ကတော့မင်းကိုချစ်နေတာတွေကိ
ရင်ထဲမှာသော့ခတ်သိမ်းထားပြီး
အလွမ်းတွေနဲ့အပြိုင်စစ်ခင်းလို့
ခံနိုင်ရည်ရှိဖို့အတွက်တော့
ကိုယ်နေသားကျနေပါပြီ
မင်းချစ်သူနဲ့ပြန်ဆုံတွေ့ဖို့အတွက်
ကိုယ့်နှလုံးသားကိုစတေးပြီး
ဆုတောင်းပေးလိုက်ပါတယ်
ခဏလေးအတွင်းမှာမင်းချစ်သူနဲ့
ပြန်ဆုံတွေ့မှာပါ.......................

မာန(နွေနှင်းဆီ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...