<div style='background-color: none transparent;'></div>

Sunday, May 19, 2013

အဆစ်ကိုက်ခဲနေလျှင်


အဆစ်ကိုက်ခဲနေလျှင်(၁) ရွေ့လျားမှုပြုလုပ်ပါ
အဆစ်ကိုက်ခဲနေရင် ရွေ့လျားမှု ပြုလုပ်တာဟာ အကောင်းဆုံးပါ။ တောင့်တင်းတာ လျော့ကျနိုင်ပြီး အနာ ကျက်မြန်စေတဲ့ သွေးလှည့်ပတ်မှုနဲ့ Lymph လှည့်ပတ်မှုကောင်းမွန်စေလို့ ပါ။ ဥပမာ ပခုံးနာကျင်နေရင် လက် မောင်းကို စက်ဝိုင်းပုံသဏ္ဌာန်ရွေ့လျားမှု ပြုလုပ်ပါ။
(၂) ရေခဲကပ်ပါ
ရေခဲတုံးကို မျက်နှာသုတ်ပဝါအ သေးနဲ့ပတ်ပြီး နာကျင်တဲ့ အဆစ်ပေါ် ကို နှစ်နာရီခြား ၁၀ မိနစ်စီခန့် ကပ်ပေးပါ။ အအေးကြောင့် အဆစ်အတွင်း သွေးပိုမိုရောက်ရှိနိုင်ပြီး အနာကျက်မြန် စေကာ နာကျင်တာ သက်သာနိုင်ပါ တယ်။
(၃) မြှင့်တင်ပါ
နှလုံးအဆင့်ထက် မြှင့်တင်ပြီး ၁၀ မိနစ် -၁၅ မိနစ်ခန့်ထားပါက အဆစ်အတွင်း နာကျင်မှုဖြစ်စေတဲ့ အရည်တွေ လျော့ သွားနိုင်ပါတယ်။
(၄) ဆေးသောက်ပါ
Ibuprofen ၂၀ဝ မီလီဂရမ်မှ ၄၀ဝ မီလီဂရမ် သောက်သုံးနိုင်ပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုလျော့ကျနိုင်ပါတယ်။ ရောင်ရမ်းမှုလျော့ကျစေတဲ့ ကာကူမင် 1/2 ဂရမ်ကိုလည်း နေ့စဉ်မှီဝဲ နိုင်ပါတယ်။
(၅) ဆရာဝန်နှင့်ပြပါ
သင်ရဲ့ အဆစ်ရောင်ရောဂါဟာ တစ်ပတ်အတွင်း မပျောက်ကင်းရင် ဆရာဝန်နဲ့ ပြပါ။
ဒေါက်တာခင်မိုးမိုး
By Good Health

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...