<div style='background-color: none transparent;'></div>

Sunday, May 19, 2013

အဆစ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ

12
အဆစ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ၁။ အဆစ် နာကျင်မှုမှ ကင်း ဝေး အောင် ဗီတာမင်စီ မှီဝဲ ပါ
ဗီတာမင်စီဟာ အဆစ်ရောင်တဲ့ ဖြစ်စဉ်ကို သိသိ သာသာ နှေးကွေးစေရုံသာမက နေ့စဉ် ၂၀၀ မီလီဂရမ် မှီဝဲတာကြောင့် အဆစ်ရောင်ရောဂါကို ၁၀၀ ရာခိုင်နှုန်း မဖြစ်အောင်  ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သက်သေ ပြထားနိုင်ပါတယ်။ ဗီတာမင်စီမှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အမြောက်အမြား ပါဝင်တာကြောင့် အဆစ်ကို ဒုက္ခပေးမယ့် ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်လို့ပါလို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။
၂။ ရူမတွိုက် အဆစ်ရောင်ရောဂါကို ကာကွယ်နိုင်အောင် လက်ဖက်ရည်ကြမ်း သောက်ပါ
နေ့စဉ် လက်ဖက်ရည်ကြမ်းလေးခွက် သောက်တာကြောင့် ရူမတွိုက် အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက အကြံပေးထားကြပါတယ်။ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ အဆစ်တွေကို တိုက်ခိုက်မယ့် ခုခံအား ဆဲလ်တွေကို တားမြစ်ပေးနိုင်လို့ပါ။
၃။ အဆစ်အတွင်း အာဟာရ ပြည့်ဝအောင် ငါးအဆီ စားပါ
အပတ်စဉ် ငါး ၁၈ အောင်စ ဒါမှမဟုတ် နေ့စဉ် Fish Oil ၁ဂရမ် မှီဝဲတာကြောင့် အဆစ်တစ်သျှူးအတွင်း အာဟာရပြည့်ဝစေပြီး အဆစ်ရောင်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
၎။ အရိုးနု တည်ဆောက်နိုင်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကြွက်သားတွေ တင်းအားကောင်းမွန်စေပြီး အဆစ်တွေ ကွေးနိုင်ဆန့်နိုင်အား မြင့်တက်စေနိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးစီးတာလိုမျိုး ထပ်ကာထပ်ကာ ရွေ့လျားမှုပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ခြေထောက်နဲ့ တင်ပဆုံမှာရှိတဲ့ အရိုးနုတွေကို တည်ဆောက်နိုင်တာမို့ နေ့စဉ် အနည်းဆုံး ၁၂ မိနစ်ခန့် စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ပါ။
၅။ ရောင်ရမ်းမှု ဖြစ်စဉ်ကို တားမြစ်နိုင်တဲ့ သံလွင်ဆီနဲ့ ဟင်းချက်ပါ
သံလွင်ဆီမှာ ရောင်ရမ်းမှုကို တားမြစ်နိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်း (Squlene) ပါဝင်တာမို့ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။


By Good Health

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...