<div style='background-color: none transparent;'></div>

Wednesday, May 22, 2013

စိတ်ရဲ့ အလျင်

`စိတ်ရဲ့ အလျင်´

ပင်လယ်၊ နယ်ခြား၊ တောင်ပေါ်၊ ကန္တာရ
သစ်သီး၊ လေအေးပေးစက်၊ ရေကူးကန်
နေလောင်ခံ လိမ်းဆေးခရင်မ်
မကြည့်ဖြစ်သော လက်မှတ်နှစ်စောင်
မသွားဖြစ်သော လမ်းကြောင်းတစ်ခု
မနေဖြစ်သော အခန်းတစ်ခန်း နဲ့
ဟန်ဆောင်တာ မကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်…..
စိတ်ရော ကိုယ်ပါ လျှော့ချကြည့်ပါ
စိတ်နောက် ကိုယ်ပါ လုပ်ခဲ့တာလည်း များပြီပဲ
စိတ်ပါလက်ပါ တွေးကြည့်ဖို့ထက်
စိတ်လိုလက်ရ လုပ်နိုင်သလောက်ဆိုရင်…
စိတ်သွားတိုင်း ကိုယ်ပါနိုင်ဦးမလား။ ။
(သိင်္ဂါရ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...