၂၀၁၁ ခုနှစ် အတွင်း ကမ္ဘာ တစ် လွှားမှာ ကြက်ဥ အလုံးပေါင်း သန်း တစ်ထောင် ကျော် စားသုံးခဲ့ကြတယ်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီဟာ ပျမ်းမျှ ၁၇၃ လုံးနှုန်း စားသုံးခဲ့ပါတယ်။ ကြက်ဥဟာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ရိုင်ဗိုဖလေဗင်၊ ဗီတာမင် B12၊ ဖော့စ်ဖရပ်စ်၊ ပရိုတင်း၊ ဆယ်လီနီယမ်တို့ြွကယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်တယ်။ ကြက်ဥထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ် ဟာ အရည်အသွေးမြင့် ပရိုတင်း High Quality Protein ဖြစ်တယ်။ ကြက်ဥတစ်လုံးမှာ စုစုပေါင်း ကယ်လိုရီ ၇၀ ပါဝင်တယ်။ ကြက်ဥ ဟာ ကိုယ်အလေးချိန် ချလိုသူများ၊ြွကက်သားသန်စွမ်းလိုသူများအတွက် သင့်တော်ပြီး ကိုယ်ဝန်ဆောင်များရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ မျက်စိနှင့် ဦးနှောက်၏ လုပ်ဆောင် ချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်ဥထဲမှာ မကောင်းတဲ့ အချက် ကတော့ ပြည့်ဝဆီနဲ့ ကိုလက်စထ ရောလ် ပါဝင်မှု မြင့်မားခြင်းပါပဲ။ ဒါကြောင့် သွေးတွင်းအဆီဓာတ် များတဲ့သူများ၊ အဝလွန်သူများ၊ နှလုံး သွေးကြောရောဂါရှိသူများကတော့ သင့်တင့်မျှတရုံ စားရန်ဖြစ်ပါတယ်။ Ref : Internet










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...