<div style='background-color: none transparent;'></div>

Sunday, May 19, 2013

ခြေထောက်ကျဉ်ခြင်း


ခြေထောက်ကျဉ်ခြင်းခြေဖဝါး၊ လက် သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို အချိန်အကြာကြီး ဖိထားတဲ့အခါ ထုံကျဉ်သွားခြင်း ခံစားရတတ်ပါတယ်။ အများအားဖြင့် ခြေထောက်ကို ဖိ ထိုင်တဲ့အခါမျိုးမှာ ဖြစ်တတ်လို့ ခြေ ထောက်ကျဉ်တယ်ဆိုတဲ့ အသုံးအနှုန်း ကို လူသိများကြပါတယ်။ ဒါကိုတော့ Sleeping Foot လို့ခိုင်းနှိုင်းလေ့ ရှိကြပါတယ်။ အိပ်ပျော်နေတဲ့ ခြေထောက်ပေါ့။ ဖြစ်ရတဲ့ အကြောင်းရင်း ကတော့ အင်္ဂါ အစိတ်အပိုင်းရှိ ဦးနှောက်သို့သွား သော အာရုံကြော လမ်းကြောင်းကို အချိန် အတော်ကြာအောင် ဖိထား မိခြင်းကြောင့် ထုံကျဉ် (Numb) ဖြစ် သွားခြင်းဖြစ်ပါတယ်။ ဖိအားဖြစ် စေသောအရာကို ဖယ်ရှားလိုက်တဲ့အခါ အိပ်ပျော်နေတဲ့ ခြေထောက် ပြန်လည် နိုးလာပြီး ဦးနှောက်ကို စကားပြန် ပြောလာတယ်လို့ ဆိုပါတယ်။ ခြေထောက်ကျဉ်တဲ့အခါ သက် သာစေဖို့ ပြုလုပ်ရန် နည်းလမ်းကတော့ ခြေဖဝါးကို စက်ဝိုင်းပုံသဏ္ဌာန်အတိုင်း လှည့်ပေးပါ။


By Health Digest

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...