ကျွန်တော်လည်း နည်းပညာတွေတောင် မရေးဖြစ်တာကြာပြီ
ဒီတစ်ခါတော့ သူငယ်ချင်းတွေအတွက် multi facebook ..ဖွင့်နည်းလေး တင်ပေးလိုက်ပါတယ်
ဆိုဒ်တော်တော်များများမှာ gmail multi ဖွင့်နည်းသာ ပါတာ facebook multi ဖွင့်နည်းကြတော့ မပါဘူး
အရမ်းလွယ်လို့ပဲ မတင်ပေးကြတာလားတော့ မသိဘူး...အခု တင်ပေးမဲ့ နည်းလေးက
facebook မှာမှ မဟုတ်ဘူးနော် ဘယ်ဟာကို မဆို multi ဖွင့်နိုင်တယ်ဗျ..လပ်ကီးတို့ကတော့ လပ်ကီးတို့အကျင့်အတိုင်း
လေက ခပ်ပေါပေါဆိုတော့ လိုရင်းကို မရောက်သေးပြန်ဘူး...ဟီးးးးးး
ကဲကဲ စမယ်...
အရင်ဆုံး ဒီမှာ firefox အတွက် multifox extension လေးကို ကလစ်ပြီး အရင် install လုပ်...
ပြီးပြီဆိုရင်... mozilla firefox ရဲ့ menu ဘယ်ဘက်ထိပ်ဆုံးက File > New Identity Profile ကိုကလစ်...
ဒါဆို firefox window တစ်ခုပွင့်လာလိမ့်မယ် အဲ့မှာ နောက်ထပ်ဖွင့်ချင်တဲ့ facebook တစ်ခုထပ်ရိုက်ပြီး အကောင့်ဝင်ပေါ့ဗျာ
ဒါပါပဲ...ကျွန်တော်ရေးထားတာတွေ သိပ်မရှင်းလို့ နားမလည်ဘူးသေးဘူးဆိုရင်လည်း နားမလည်တဲ့နေရာကို အောက်မှာ ကွန့်မန့်ပေးပြီး မေးခဲ့နိုင်ပါတယ်ဗျာ

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...