<div style='background-color: none transparent;'></div>

Thursday, May 23, 2013

notepadလေးရေးပြီးcomputerကိုစကားပြောခိုင်းကြည့်...

သူငယ်ချင်းတို့ ကျွန်တော် ဒီရက်ပိုင်း notepad လေးနဲ့ ပတ်သတ်တဲ့ ဟာလေးတွေရေးဖို့

စဉ်းစားထားတယ် notepad အသုံးဝင်ပုံလေးတွေပေါ့

ကျွန်တော် ဟိုနေ့က ဆိုဒ်တစ်ခုမှာ တွေ့လိုက်ရတယ်

သူတို့လည်း ဒီနည်းလေးတွေကို တင်ထားကြပါတယ်

ဒါပေ့မယ့် တင်ထားတဲ့ရေးနည်းက မှားနေတော့ ဘယ်လိုမှ အလုပ်လုပ်မှာမဟုတ်ဘူး

ဒါကြောင့် ကျွန်တော့ သိသလောက်လေးကို ပြန်ပြင်ရေးပြီး တင်ပေးလိုက်ပါတယ်..

ဒါလေးက ကိုယ် ဘာဘဲ ရိုက်ရိုက် ကိုယ့်ကို စကားလို ပြန်ပြောလိမ့်မယ် English လိုဘဲရမယ်နော် .....

အရင်ဆုံး Notpad တစ်ခုကို ဖွင့်...

ပြီးရင် အောက်မှာရေးပေးထားတဲ့ ကုဒ်လေးတွေအကုန် notepad ထဲ ကူးထည့်လိုက်..<!--more--->



Dim msg, sapi

msg=InputBox("What do you want me to say?","LUCKYMYOTAW")

Set sapi=CreateObject("sapi.spvoice")

sapi.Speak msg



ပြီးရင်  save file မှာ lucky.vbs နဲ့ Save လုပ်လိုက်ပါ...

ပြီးရင် Run ကြည့်လိုက်ပေါ့ဗျာ...ပြီးရင်တော့ သူငယ်ချင်းတို့ ရေးချင်သလိုသာရေးပြီး

အပြင်းပြေလေး ကွန်ပျူတာနဲ့ စာရိုက်လိုက် ပြန်ပြောခိုင်းလိုက်လုပ်ပေါ့ဗျာ ပျော်စရာလေးဗျ

စမ်းကြည့်လိုက်နော်...ကျွန်တော် ပြီးရင် ပြီးရင်ကြီးပဲ ပြောနေလို့ ကိုလပ်ကီး နောက်ထပ်ပြီးရင်ရောလို့ မမေးနဲ့

တော့ပေါ့နော် နောက်ထပ်ပြီးရင်ရောလို့မေးရင်တော့ ကိုလပ်ကီးမိန်းမချောချောလေးရပါစေပဲ ဆုတောင်းပေးပေါ့လို့ပဲ

ပြောမှာပဲ.....ဟီးဟီး...:P..အားလုံး အဆင်ပြေကြပါစေနော်.....

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...