နိုင်ငံတကာအသိမှတ်ပြုကျောင်း ၁၄ ကျောင်းမှ အကောင်းဆုံး စစ်ဆေးချက်
များပြုလုပ်ပြီးသည့် နောက် ဆော်ဒီနိုင်ငံသူ မိန်းကလေးများအားတက်ရောက်
ခွင့်ပြုတော့မည်ဖြစ်သည်။အဆိုပါကျောင်းများမှ အရည်အသွေးမြှင့် စစ်ဆေး
မှုကို ပြုလုပ်ခဲ့ကြောင်း အမျိုးသမီးငယ်များ အတွက် ပြည်တွင်းနှင့် ပြည်ပရှိ
ပညာရေးဆိုင်ရာ အဖွဲ့အစည်း(National and Foreign education for
girls) ၏ ဒါရိုက်တာဖြစ်သူ အယ်လ်ဂျော်ဟာရာ အယ်လ်အာရစ်ဖီ (Al-Jawhara Al-Arifi) ကပြောကြားကြောင်း အယ်လ် အစ်က်တီဆာဒီယာ
(Al-Eqtisadiyah) သတင်းစာတွင် ဖော်ပြခဲ့သည်။ပညာရေးအတိုင်ပင်ခံနှင့်
ပညာရေးဝန်ကြီးဟောင်း မဟာ ဘာဝါဇီရ် (MahaBawazir) မှ “ ဆော်ဒီ
ကျောင်းသူများအား တက်ရောက်ခွင့်ပြုတဲ့ကျောင်းများမှာ ၁၄ ကျောင်း
ထက်ပိုမိုကြောင်း၊ ကျောင်းများရဲ့ အရေအတွက်ကို အတိအကျ ဖော်ပြရန်
မလွယ်ကြောင်း၊ သို့သော်လည်း ၂၁ ကျောင်း နီးပါးခန့်ရှိမယ်လို့ ခန့်မှန်း
ရကြောင်း ” ပြောကြားခဲ့သည်။ဆော်ဒီကျောင်းသူတို့အား တက်ရောက်
ခွင့်ပြုသော ကျောင်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆိုပြု အချက်
အလက်များနှင့် ကိုက်ညီရမည် ဖြစ်ကြောင်း “အဲ့ဒီအချက် အလက်တွေ
ပြည့်စုံမယ်ဆိုရင် ပြည်တွင်းရှိ နိုင်ငံတကာ အသိမှတ်ပြုကျောင်းများကို
ပညာရေးမှာ အသင့်တော်ဆုံး နဲ့ တရားဝင်ပညာသင်ခွင့်ရှိတဲ့ အကောင်းဆုံး
ကျောင်းတွေအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိအမှတ်
ပြုသော ကျောင်းဆိုတာ တရားဝင်ပညာ သင်ခွင့်ရတဲ့ အကောင်းဆုံး ကျောင်း
ဖြစ်ရပါမယ်။ အစ္စလာမ့်ရေးရာ နဲ့ အာရဗီဘာသာရပ်ကိုလည်း သင်ရိုးထဲ
ထည့်သွင်းသင်ကြား ပေးဖို့လိုပါတယ်။ ပြည်တွင်းက နိုင်ငံတကာ အသိမှတ်
ပြုကျောင်းတိုင်းမှာ ဒီအချက်တွေပြည့်စုံမှုမရှိတာကြောင့် ဆော်ဒီကျောင်းသား
တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။အကောင်းဆုံး ကျောင်း
များသာလျှင် ထောက်ခံချက်ရရှိဖို့ လျှောက်ထားနိုင်မှာပါ''ဟု သိရသည်။
ဆော်ဒီမှရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သော ပြည်တွင်းရှိ နိုင်ငံတကာ
အသိမှတ်ပြုကျောင်းများသည် သက်ဆိုင်ရာစည်းမျဉ်းနှင့်အညီ ဆော်ဒီ
ကျောင်းသူများအတွက် စာရင်းသွင်းမှုကို စတင်လက်ခံ နေကြောင်း
ရီယဒ်ရှိ ဒေသဆိုင်ရာအမျိုးသမီးငယ်များပညာရေးအဖွဲ့ (Education in the
Riyadh region for Educational Affairs for girls) ၏ လက်ထောက်
ဒါရိုက်တာဖြစ်သူ မင်းသမီး ဟူဒါး အီယဖ် (Princess Huda Ayyaf) ကပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။
by myawady
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...