ထိုင်းနိုင်ငံတောင်ပိုင်း ခွဲထွက်ရေး မွတ်ဆလင်သူပုန်များက ယခုနှစ် ဇူလိုင်
လဆန်းပိုင်းတွင် စတင်ကာ သြဂုတ် လဆန်းပိုင်းတွင် အဆုံးသတ်မည့် ရမာဒန်
မွတ်ဆလင် ဥပုသ်ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု
သဘောတူညီလိုက်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်ကို The Nation သတင်းစာက ကိုးကားဖော်ပြသည်။
BRN ဟုအမည်ရသည့် အမျိုးသားတော်လှန်ရေး တပ်ဦးမှ ကိုယ်စားလှယ် များသည်
ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ခဲ့ရာတွင် ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက် ဖြစ်သော မွတ်ဆလင်
ဥပုသ်လအတွင်း တိုက်ခိုက်မှု မပြုလုပ်ရေး အဆိုကို သဘောတူညီလိုက်ခြင်း
ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သက် ဆင်ရှင်နာဝပ်လက်ထက်
နောက်ပိုင်းမှစ၍ တအုံနွေးနွေး ဖြစ်လာခဲ့သည့် တောင်ပိုင်း ခွဲထွက်ရေး
မွတ်ဆလင်သူပုန်များ ပြဿနာကို ယခုအခါ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ
ဦးဆောင်သော အစိုးရက ဒိုင်ယာလော့ခ် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုး
ပမ်းလျက် ရှိသည်။
အဆိုပါ ဆွေးနွေးပွဲများကို မလေးရှား အစိုးရ၏
ကမကထ ပြုလုပ်မှုဖြင့် ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကြောင်း၊
ထိုင်းအစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသား လုံခြုံရေးကောင်စီ
အထွေထွေ အတွင်းရေးမှူး ဘာရာဒွန်းပတ်တာနီဘာက ဦးဆောင်ကြောင်း အစိုးရ
အရာရှိကြီးများက ဆိုသည်။
ယခုဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက် ကိုယ်စားလှယ်များက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန် ကြေညာသည်။
အဆိုပါ ကြေညာချက်တွင် ထိုင်းအာဏာပိုင်များ အနေဖြင့် သူပုန်တပ်ဖွဲ့များ၏
အဆိုပြုချက် ဖြစ်သော အချက်ငါးချက်ပါ အဆိုပြုချက်ကို ထည့်သွင်း စဉ်းစားရန်
သဘောတူညီကြောင်း ဖော်ပြပါရှိသည်။
သူပုန်များဘက်မှ
အဆိုပြုချက်များတွင် လုံခြုံရေးအရ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူများကို
ပြန်လွှတ်ပေးရေး၊ မလေးရှားနိုင်ငံကို ဆွေးနွေးပွဲတွင် ကြားခံနိုင်ငံအဖြစ်
သတ်မှတ်ပေးရေးလည်း ပါဝင်သည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွင်
နှစ်အတန်ကြာ ဖြစ်ပွားခဲ့သော မွတ်ဆလင် သူပုန်များ၏ ခွဲထွက်ရေး လက်နက်ကိုင်
လှုပ်ရှားမှုများကြောင့် လူပေါင်း ၅၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်
by the voice journal
Saturday, June 15, 2013
ထိုင်းတောင်ပိုင်းတွင် ဥပုသ်လအတွင်း အကြမ်းဖက်မှု မပြုရန် မွတ်ဆလင် သူပုန်များ သဘောတူ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...