လွှတ် ချ လိုက် တော့ မယ် လို့
အကြိမ်ကြိမ် တွေးခဲ့ပေမယ့်
ငါ့အတွေးထဲက မင်းပုံရိပ်တွေ
တစ်ခါမှ လွတ်မကျခဲ့ဘူး
မေ့ ထား လိုက် တော့ မယ် လို့
ဆုံးဖြတ်ခဲ့မိ ပေမယ့်
ငါ့အသိဥာဏ်ထဲက အမှတ်တရတွေ
တစ်ခါမှ မေ့မသွားခဲ့ဘူး
နာကျင်ခံစားရတယ် ဆိုတာ
မင်း ရက်စက်သွားလို့ မဟုတ်ပါဘူး
သိပ် ချစ် ခဲ့ ကြ ပေ မယ့်
ဖူးစာကံ အံလွဲခဲ့ရတဲ့
တို့နှစ်ယောက်ရဲ့ကံဇာတ်ဆရာကိုတော့
ငါ နာ ကျည်း မုန်း တီး တယ်
ငြင်းဆန်ခွင့် မရှိတဲ့
အသိုင်းအဝိုင်းရဲ့ ပကာသနတွေကိုလဲ
ငါ 100% စိတ်နာတယ်
ကံကြမ္မာရေ
ငါ့ အ တိတ် မေ့ သွား ရင် တောင်
ငါ့ ချစ်သူ ကို သတိရနေဦးမှာမို့
ငါ့ နှလုံးသားကို ချစ်နေခွင့် လေးတော့ ပေးလှည့်ပါ
by ကဗျာ ချစ်သူ (facebook)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...