ရန်ကုန်တိုင်းအတွင်းရှိ အစ္စလာမ်ဗလီများကို မည်သည့်ဘာသာဝင်မဆို လာရောက်လေ့လာကြည့်ရှုနိုင်ပြီဖြစ
ယင်းသို့ ပြောကြားခြင်းကို ဇွန်လ ၁၂ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမ၌ ကျင်းပ သည့် အစ္စလာမ်ဘာသာနှင့် မူဆလင်များအပေါ် အထင်အမြင်နားလည်မှုလွဲမှားမှုများ
ဗလီတွင်းသို့ ဝင်ရောက်ရာတွင် ၎င်းတို့၏
အစဉ်အလာအရ သန့်သန့်ရှင်းရှင်းဖြစ်မှသာ ဝင်ရောက်ရ၍ ယခင်က ဘာသာခြားများ
ဝင်ရောက်မည်ကို အနည်းငယ်စိုးရိမ်စိတ်ရှိသောကြော
ဦးတင်မြင့်က "ဗလီတွေမှာ ဘာစစ်သင်တန်း၊ လက်နက်မှ သိုလှောင်ထားတာမရှိပါဘူး၊
နောင်လည်း ရှိလာမှာမဟုတ်ပါဘူး၊ လက်နက်တွေ သိုလှောင်ပါတယ်လို့
သံသယတွေရှိခဲ့ရင် မည်သည့် ဘာသာဝင်မဆို သတ်မှတ်ထားတဲ့ ဘာသာရေးဝတ်ပြု
ချိန်တွေမှာ ဗလီအတွင်းကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်
ဗလီအတွင်းသို့ ဘာသာခြားများအနေဖြင့် သန့်သန့်ရှင်းရှင်း လာစေလိုကြောင်းလည်း ၎င်းက ဖိတ်ခေါ် ပြောကြားလိုက်သည်။
ဗလီများဖွင့်ထားပါက အပေါ့၊ အလေး ဝင်ရောက်သွားခြင်းများရှိသည့်အြ
ယင်းအပြင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့ဝင် ဦးအေးလွင် ကလည်း
မလေးရှားနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခ ကောလာဟလများကြောင့်
ပြည်တွင်းနေ လူနည်းစု အစ္စလာမ် ဘာသာဝင်များအတွင်း အန္တရာယ်ဖြစ်ပေါ်နိုင်မည်ကို
စိုးရိမ်နေကြပြီး၊ မလေးရှားနိုင်ငံတွင်း ဖြစ်ပေါ်မှုများ သည်
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိဟု
စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။
ဦးအေးလွင်က
"မည့်သည့်နေရာ၊ ဒေသ မှာဖြစ်ပေါ်တဲ့ ရာဇဝတ်ပြစ်မှုကိုမဆို ဘာသာရေး နာမည်
မတပ်သင့်ပါဘူး၊ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့လုပ်ရပ်ေ
များက ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်" ဟုလည်း ယင်းပွဲတွင် ပြောကြားလိုက်သည်။
ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ ဖြစ်စဉ်များတွင်
ပါဝင်ပတ်သက်ခြင်းမရှိစေရန် နိုင်ငံအတွင်းရှိ ဗလီများအားလုံးသို့လည်း
ညွှန်ကြားထားပြီးဖြစ်သည်ဟု မြန်မာမွတ်စလင်မ်ကွန်ရက်၏ သဘာပတိ
ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။
ယင်းပွဲကို ဧည့်သည်တော်အဖြစ် တက်ရောက်သည့် ရွှေအမြုတေ မဂ္ဂဇင်းတာဝန်ခံ
ဦးဝင်းငြိမ်းက "အခု ဖန်တီးနေတာက အစ္စလာမ်နဲ့ မြန်မာ ဘာသာရေးပဋိပက္ခ
အသွင်ဆောင်ထားလို့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ စိုးရိမ်စိတ်တွေနဲ့
နေကြရပါတယ်" ဟု ပြောသည်။
ယင်းပွဲတွင် ၇၈၆ ဆိုသည်မှာ ၂၁ ရာစုတွင်
အစ္စလာမ်ဘာသာက ကမ္ဘာကို လွှမ်းမိုးရသည်ဟူသော ဖွင့်ဆိုချက် မှာ မဟုတ်ကြောင်း၊
မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်အချို့သည် အလ္လာဟ် အရှင်မြတ်၏ ကောင်းချီးကို
မျှော်ကိုးပြီး လာဘ်လာဘရွှင်စေရန်လည်းကောင်း၊ အန္တရာယ်
ကင်းအနေဖြင့်လည်းကောင်း သုံးစွဲခြင်းဖြစ်သည်။
အထူးသဖြင့်
မူဆလင်များတွင် စားသောက်မှုဆိုင်ရာ စည်းကမ်းဥပဒေသများရှိသဖြင့်
အခြားသူများအား ဒုက္ခမပေးဘဲ မိမိတို့ စားသုံးခွင့်ရှိသည်တို့ကိုသာ
ရောင်းချသောဆိုင်တို့ကို အလွယ်တကူသိစေရန် သုံးစွဲခြင်းဖြစ်သည်ဟုလည်း
ရှင်းလင်းပြောကြားသည်။
ယင်းအပြင် ဂျီဟာဒ်ဆိုသည်မှာ
ကြိုးပမ်းမှုသာဖြစ်ပြီး နိမ့်ကျသောဘဝမှ မြင့်မားကောင်းမွန်သော
အဆင့်ရောက်အောင် ကြိုးပမ်းရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်ဟုဆိုသည်။
သာသနာပြုရန်သာသနာ့စစ်ပွဲ ဆင်နွှဲခွင့်မရှိဟုလည်း ပြောကြားသည်။ အဆိုပါပွဲကို
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံ
ငြိမ်းချမ်းရေးအဖွဲ့မှ နာယကဖြစ်သူ ဦးကိုလေး၊
မြန်မာမူဆလင်အဖွဲ့ချုပ်မှ ဓမ္မသတ်မှူး ဦးတင်မြင့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာရှီအာဟ
by mizzima
Thursday, June 13, 2013
ရန်ကုန်မြို့တွင်းရှိ အစ္စလာမ်ဗလီများ ဘာသာခြားများ လေ့လာနိုင်ပြီ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...