<div style='background-color: none transparent;'></div>

Thursday, June 13, 2013

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ


၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မင်္ဂလာတောင် ညွှန့်မြို့နယ်၊ မင်္ဂလာဈေးကားမှတ်တိုင် အနီး စောင့်ဆိုင်း နေစဉ်ရောက်ရှိလာသူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန်ယန်းမြို့နေ မအုတ်ကွန်း၊ (၂၃)နှစ်၊ (ဘ)ဦးညီသွန်း အားသက်သေများ နှင့်အတူ ရှာဖွေစစ်ဆေးရာ

၎င်း၏ခန္ဓာကိုယ်ရှိ အ၀ါရောင် ခါးစည်းကြိုးအတွင်းမှ ပလပ်စတစ်အိတ် ဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၆၅)ပြား၊အလေးချိန် (၁၀၀၆.၅)ဂရမ်၊ တန်ဘိုး (၅၀၃၂၅၀၀၀ိ/-) ကျပ်နှင့်

ဘိန်းဖြူဟုယူဆ ရသော အလေးချိန် ၃၈၀ ဂရမ်ခန့်ပါ လေးထောင့်ဘလောက်တုံး (၁)တုံး
တန်ဘိုး (၃၀၄၀၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းတန်ဘိုး (၈၀၇၂၅၀၀၀ိ/)ကျပ်တို့အားရှာဖွေတွေ့ရှိသဖြင့် မအုတ်ကွန်းအား

မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း မယ(ပ) ၁၆/၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by Yangon Police News

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...